သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်းအား ၇.၆ ငလျင် မြန်မာနိုင်ငံအနီး လှုပ်ခတ်


အန်ဒမန်ကျွန်းစု မြောက်ပိုင်းမှာ ၇.၆ ရစ်ချ်တာစကေးနဲ့ မြေငလျင် လှုပ်ခတ်ခဲ့လို့ ဆူနာမီ သတိပေးချက်တွေ ထွက်ပေါ်ခဲ့ပေမယ့် အခုတော့ ဒီသတိပေးချက်တွေ ပြန်ပြီး ရုပ်သိမ်းသွားပါပြီ။ ပုသိမ်မြို့ အနောက်ဘက် မိုင် ၂၂၅ မိုင်ကို ဗဟိုပြုပြီးတော့ မြန်မာစံတော်ချိန် ညသန်းခေါင် ၂ နာရီကျော်မှာ ငလျင်လှုပ်ခတ်သွားတာပါ။

အိန္ဒိယသမုဒ္ဒရာထဲ အခုလို ငလျင်လှုပ်ခတ်ခဲ့တဲ့အတွက် သမုဒ္ဒရာနဲ့ ထိစပ်နေတဲ့ မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရ်ှ၊ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံတွေမှာ ဆူနာမီ ဖြစ်လာနိုင်တယ်ဆိုတဲ့ သတိပေးချက်ကို အမေရိကန် ဘူမိဗေဒဌာနက အစောပိုင်းက သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ည ၂ နာရီလောက် ငလျင်လှုပ်ခတ်ခဲ့တယ်လို့ ရန်ကုန်မြို့ခံတွေက ဗွီအိုအေ မြန်မာပိုင်းကို ပြောပြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG