မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်
တားဆီးကန့်သတ်မိန့်ကို ဖောက်ဖျက်တယ်ဆိုပြီး ရန်ကုန် မြောက်ပိုင်းခရိုင်
တရားရုံးကနေ ထောင်ဒဏ် ၃ နှစ် ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ နောက်ပိုင်းမှာတော့
စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အမိန့်နဲ့ ပြစ်ဒဏ်ကို
ထက်ဝက်လျှော့ချပြီး ဆိုင်းငံ့ပြစ်ဒဏ်အဖြစ်နဲ့ နေအိမ်မှာ ကန့်သတ်ချက်တွေနဲ့အညီ
ပြန်နေဖို့ ညွှန်ကြားခဲ့ပါတယ်။ အပြည့်အစုံကို ကြည့်ရူ့နိုင်ပါတယ်။