ဒေါ်စုကို ထောင်သုံးနှစ်ချ
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် တားဆီးကန့်သတ်မိန့်ကို ဖောက်ဖျက်တယ်ဆိုပြီး ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးကနေ ထောင်ဒဏ် ၃ နှစ် ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ နောက်ပိုင်းမှာတော့ စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အမိန့်နဲ့ ပြစ်ဒဏ်ကို ထက်ဝက်လျှော့ချပြီး ဆိုင်းငံ့ပြစ်ဒဏ်အဖြစ်နဲ့ နေအိမ်မှာ ကန့်သတ်ချက်တွေနဲ့အညီ ပြန်နေဖို့ ညွှန်ကြားခဲ့ပါတယ်။ အပြည့်အစုံကို ကြည့်ရူ့နိုင်ပါတယ်။
အာရှတဝှမ်း ဒေါ်စုလွတ်မြောက်ရေး တောင်းဆိုပွဲများ
ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်အစိုးရ တရားရုံးက တရားစွဲဆိုပြီး စီရင်ချချဖို့ ပြင်ဆင်နေတဲ့အချိန် အာရှနိုင်ငံတွေက မြန်မာ့အရေးလှုပ်ရှားသူတွေ ဒေါ်စုကို ချွင်းချက်မရှိ လွှတ်ပေးဖို့ တောင်းဆိုတဲ့ဆန္ဒပြပွဲတွေ ကျင်းပခဲ့ကြပါတယ်။