သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်ဖုန်းမုန်တိုင်းသင့်သူ ၇၀၀ ကို တိုင်ဝမ်က ကယ်ဆယ်


တိုင်ဝမ်မှာ တိုက်ခတ်ခဲ့တဲ့ တိုင်ဖွန်း လေမုန်တိုင်း Morakot ကြောင့် ဖြစ်ပွားတဲ့ မြေပြိုကျမှုတွေအောက် ဖုံးလွှမ်းသွားခဲ့တဲ့ ရွာပေါင်း ၃ ရွာထက် မနည်းက ရွာသား ၇၀၀ကို ကယ်တင်နိုင်လိုက်ပြီလို့ တိုင်ဝမ်အာဏာပိုင်တွေက ပြောဆိုလိုက်ပါတယ်။
ဒီအထဲက အများစုဟာဆိုရင် တိုင်ဝမ် တောင်ပိုင်းက ခေါင်ရွှန်းဒေသမှာ ရှိတဲ့ ရှောင်လင်ကျေးရွာက ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ကယ်ဆယ်ရေး လုပ်သားတွေက အသက်မသေ ရှင်ကျန်ရစ်သူတွေကို ရှာဖွေနေပြီး၊ မြေပြိုကျမှုတွေကြောင့် လမ်းတံတားတွေ ပြိုပျက်ကုန်တဲ့နောက် ပြင်ပနဲ့ အဆက်ပြတ်သွားတဲ့ ဒေသခံတွေကို အရေးပေါ် အကူအညီတွေ ထောက်ပံ့ ပေးနေကြပါတယ်။ ပြီးခဲ့တဲ့ သောကြာနဲ့ စနေနေ့တွေက မြေပြိုကျမှုတွေကြောင့် တိုင်ဝမ်မှာ သေဆုံးသူပေါင်း ၆၃ယောက် အထိ ရှိနေပြီး နောက်ထပ် ၆၁ ယောက်လည်း ပျောက်ဆုံးနေပါတယ်။ မြေပြိုကျမှုတွေကြောင့် အိမ်ခြေ ရာနဲ့ချီ ပျက်စီးခဲ့ရတဲ့ နောက် လူပေါင်း ၆ ရာ လောက် အထိ သေဆုံးနိုင်တယ်လို့လည်း တွက်ဆနေကြပါတယ်။ တိုင်ဖုန်းMorakot ဟာ တနင်္ဂနွေနေ့ တုန်းက တရုတ်ပြည်ကို ဝင်ရောက်ခဲ့တုန်းကလည်း အနည်းဆုံး လူ ၈ ဦးသေဆုံးခဲ့ရသလို အိမ်ခြေ တစ်သောင်း လောက်လည်း ပျက်စီးခဲ့တာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG