သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝက်တုပ်ကွေးကြောင့် မွမ်ဘိုင်းမြို့ ကျောင်းထောင်ချီပိတ်


အိန္ဒိယနိုင်ငံမှာ H1N1 ၀က်တုပ်ကွေး ပျံနှံ့မှုကို ထိန်းချုပ်နိုင်ဖို့ မွမ်ဘိုင်းမြို့မှာ အထက်တန်းကျောင်းတွေ ကောလိပ်တွေနဲ့ ရုပ်ရှင်ရုံတွေကို အိန္ဒိယအာဏာပိုင်တွေက ပိတ်ထားလိုက်ပါတယ်။

အခု ကြာသပတေးနေ့ က စလို့ တပတ်ကြာ ပိတ်ထားမှာဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဒါကြောင့် စီးပွားရေး မြို့တော် မွမ်ဘိုင်းမှာ ကျောင်းပေါင်း ၁၁၀၀ လောက် ပိတ်ထားရမှာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံမှာ ၀က်တုပ်ကွေးကြောင့် သေဆုံးသူ ၁၅ဦးထဲ ၁၁ ဦးဟာ မွန်ဘိုင်းမြို့ပါဝင်တဲ့ မဟာရာဂျရာ ပြည်နယ်ထဲမှာ ဖြစ်ပွားတာပါ။ သုံးဦးဟာ မွမ်ဘိုင်းမြို့မှာ သေဆုံးတာပါ။ မွမ်ဘိုင်းမြို့မှာ လူဦးရေ ၁၈သန်းရှိပါတယ်။ အခုဆိုရင် အိန္ဒိယမှာ ၀က်တုပ်ကွေး ရောဂါပိုး ကူးစက်ခံရသူ တထောင်ကျော်သွားပြီလို့ ကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG