မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် သြဂုတ်လ ၁၁ ရက်နေ့က မြန်မာစစ်အစိုးရတရားရုံးတော်ကနေ ပြစ်မှုထင်ရှား တွေ့ရှိလို့ ဆိုင်းငံ့အမိန့်နဲ့ နေအိမ်အကျယ်ချုပ် ၁၈ လ ချမှတ်လိုက်တဲ့ အပေါ် နိုင်ငံတကာရဲ့ ပြစ်တင်ဝေဖန်မှုတွေ တိုးနေချိန်မှာပဲ - ၁၉၉၁ ခုနှစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အမျိုးသမီး နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင်အဖွဲ့က ဆက်ပြီး ကြိုးပမ်းသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒီအကြောင်းကို အခုထုတ်လွှင့်မယ့် အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ဆက် ထားပါတယ်။