အမေရိကန်ပြည်ထောင်စုရဲ့ အိမ်ခြံမြေရောင်းဝယ်ရေး လုပ်ငန်းမှာ
ဖရိုဖရဲ ဖြစ်ခဲ့ရာကစလို့ ဘဏ္ဍာရေး အကျပ်အတည်းတွေ ကမ္ဘာနဲ့အဝန်း ဖြစ်ခဲ့ရတဲ့
အခြေအနေတွေကနေ ပြန်လည်နာလန်ထူလာတဲ့ လက္ခဏာ တချို့ကို အမေရိကန်မှာရော
အာရှတလွှား နိုင်ငံတချို့မှာပါ တွေ့မြင်လာနေရပါတယ်။ ဒါပေမယ့်လို့
အခက်အခဲတွေ စိန်ခေါ်မှုတွေ ကတော့ ရှိနေဆဲမို့ ကျော်လွှားနိုင်ဖို့ အစီအမံတွေ
သတိပေးနေတာတွေ ကတော့ လျော့မသွားသေးပါဘူး။ အမေရိကန်နဲ့ မြန်မာနိုင်ငံရဲ့
အိမ်နီးချင်းနိုင်ငံတချို့ရဲ့ စီးပွားရေး အခြေအနေတွေကိုတော့ ဒီတပတ်ရဲ့
စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး က စုစည်းပြီး တင်ပြထားပါတယ်။