သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျွန်ယက်တော လွတ်ပြီ


အမေရိကန်အထက်လွှတ်တော်အမတ် မစ္စတာ ဂျင်မ်ဝက်ဘ်နဲ့ မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တွေ့ဆုံအပြီး မကြာခင်မှာပဲ အမေရိကန်နိုင်ငံသား ဂျွန်ယက်တောကို မြန်မာစစ်အစိုးရက လွှတ်ပေးလိုက်ပြီး တနင်္ဂနွေနေ့ သူ မြန်မာနိုင်ငံက ပြန်တဲ့အခါမှာ မစ္စတာ ယက်တောကိုပါ တပါတည်း ခေါ်ဆောင်သွားမယ်လို့ ဒီကနေ့ပဲ မစ္စတာ ဂျင်မ်ဝက်ဘ် က သတင်းထုတ်ပြန်ခဲ့ပါတယ်။ အခုလို မစ္စတာ ယက်တောကို ပြန်ပြီး လွှတ်ပေးလိုက်တာနဲ့ပတ်သက်ပြီး ဗွီအိုအေက ဇနီးဖြစ်သူ ဘက်တီ ယက်တော ကို ဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှာတော့ -

“ဒါဟာ အံသြဖို့ကောင်းတဲ့ ဝမ်းမြောက်စရာ သတင်းပါပဲ။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ သက်ညှာမှုပေးတာ မတွေ့ရတဲ့အတွက် စိုးရိမ်နေရဆဲပါ။ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာလည်း အလားတူ သက်ညှာမှုတွေ ပေးလိမ့်မယ်လို့ ကျမ မျှော်လင့်ပါတယ်။”

မစ္စတာ ယက်တောကို မြန်မာစစ်အစိုးရက ပြီးခဲ့တဲ့ အင်္ဂါနေ့ကပဲ အလုပ်နဲ့ထောင်ဒဏ် ၇ နှစ် ချမှတ်ထားခဲ့ရာကနေ အခု လွတ်မြောက်လာတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG