သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် လွှတ်တော်အမတ်၊ ဒေါ်စု နဲ့ ဂျွန်ယက်တော


အမေရိကန် အထက်လွှတ်တော်အမတ် တဦးဖြစ်တဲ့ မစ္စတာ ဂျင်မ် ဝက်ဘ် (Jim Webb) ဟာ သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအဝင် စစ်အစိုးရ ထိပ်တန်း ခေါင်းဆောင်တွေသာမက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ပါ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။

အမေရိကန်အထက်လွှတ်တော်အမတ် မစ္စတာ ဂျင်မ်ဝက်ဘ် ဟာ မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တွေ့ဆုံအပြီး မကြာခင်မှာပဲ အမေရိကန်နိုင်ငံသား ဂျွန်ယက်တော (John Yettaw) ကို မြန်မာစစ်အစိုးရက လွှတ်ပေးလိုက်ပြီး တနင်္ဂနွေနေ့ သူ မြန်မာနိုင်ငံက ပြန်တဲ့အခါမှာ မစ္စတာ ယက်တောကိုပါ တပါတည်း ခေါ်ဆောင်သွားမယ်လို့ ဒီကနေ့ပဲ မစ္စတာ ဂျင်မ်ဝက်ဘ် က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG