သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးဝင်းတင် ဆေးရုံတင်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူးအဖွဲ့ဝင်တဦး ဖြစ်တဲ့ သတင်းစာဆရာကြီး ဦးဝင်းတင်ဟာ နှလုံးခုန်နှုန်း ပုံမှန်မရှိတဲ့အတွက် မနေ့က သြဂုတ်လ ၁၅ ရက် စနေနေ့ညက ရန်ကုန်က အာရှတော်ဝင် ဆေးခန်းကို နှလုံး အသေးစား ခွဲစိတ်ကုသဖို့အတွက် ဆေးရုံတင်လိုက်ရတယ်လို့ ဆရာဦးဝင်းတင် ရဲ့ မိသားစုဝင်တဦးက ပြောပါတယ်။

“ဘဘက နှလုံးခုန်နှုန်းက အရမ်းနှေးနေတယ်။ ၄၀ လောက်ပေါ့၊ ၄၀ နဲ့ ၅၀ ကြားမှာပဲ ရှိနေတယ်လေ။ အဲဒီလို ရှိနေတဲ့အတွက်ကို သူ့ကို ဆေးသောက်ပြီးတော့ ထိန်းပြီးတော့ နှလုံးခုန်နှုန်း တက်လာမလားလို့ လုပ်ကြည့်တယ်၊ နှစ်ပတ်လောက်။ ဒါပေမယ့် တက်မလာဘူး။ တက်မလာတဲ့အတွက် မနေ့က အီးစီဒီ ဟိုဒါ တက်ပြီး ၂၄ နာရီပြည့်တယ်။ ပြည့်တဲ့အချိန်မှာလည်း နှလုံးခုန်နှုန်းက ၉၀ % လောက် တကယ်တမ်း နည်းနေတယ်။ ၃၈၊ ၄၀ လောက်အထိပဲ ရှိတော့ ၂၄ နာရီပတ်ဝန်းကျင်မှာ ဘဘရဲ့ နှလုံးခုန်နှုန်းက နည်းနေတဲ့အတွက်ကို သူတို့က အားချင်းပဲ စက်တပ်ဖို့လိုတယ် ဆိုပြီးတော့ အခု ကျမတို့ကို အာရှတော်ဝင် ဆေးရုံကို တက်လာတာပေါ့။”

အခု ဆရာ ဦးဝင်းတင်ကို ကြည့်ပေးနေတဲ့ နှလုံးခွဲစိပ် အထူးကုဆရာဝန်ကြီးက ဆရာ့ရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီးတော့ နောက်ဆုံးဘယ်လို ပြောပြတာရှိလဲ။ -

“နှလုံးခုန်နှုန်းက အရမ်းနှေးနေတဲ့အတွက် နှေးနေရာကနေ ရပ်သွားမှာစိုးတယ်။ ပြီးတော့ အဲဒီလို ရပ်သွားတဲ့ အခြေအနေကျမှ တခုခု စီစဉ်မယ်ဆိုရင် အချိန်မရမှာစိုးလို့ အခုလို အခြေအနေလောက်ကတည်းက ကြိုတပ်ထားမှ စိတ်ချရမယ့်အနေအထား ဖြစ်တဲ့အတွက် ဒီစက်ကို တက်ရတာပါလို့ ရှင်းပြပါတယ်။”

အခု ဆရာဦးဝင်းတင်ရဲ့ ကျန်းမာရေး အခြေအနေကိုရော ဘယ်လို တွေ့ရလဲရှင့်။ ကျန်းကျန်းမာမာပဲလား ဘယ်လို အခြေအနေ ရှိလဲ။ -

“ဘဘက အဓိကကတော့ မောတာပေါ့။ အရင်က လှေကား အတက်အဆင်းလောက်ပဲ မောတာ။ အခု ဒီဘက်ရက်ပိုင်းမှာ အဝတ်အစား ပုဆိုးအင်္ကျီလဲတဲ့အချိန်၊ အထိုင်အထ လုပ်တဲ့အချိန်မှာလည်း မောနေတယ်။ ကျန်တာကတော့ အားလုံးကောင်းပါတယ်။ အိပ်တာလည်း မှန်တယ်။ အစားအသောက်လည်း စားနိုင်တယ်။ အဓိက က မောတာပေါ့။ အဲဒီမောနေတဲ့အတွက်ကို နှလုံးခုန်နှုန်းက တက်လိုက်ကျလိုက် မမှန်ဘူး။”

ဒါကတော့ ဆရာဦးဝင်းတင်ရဲ့ မိသားစုဝင်တဦးက ဆရာရဲ့ နောက်ဆုံး ကျန်းမာရေး အခြေအနေကို ရှင်းပြခဲ့တာပါ။

ဒါ့အပြင် ဒီကနေ့ တနင်္ဂနွေနေ့ ညနေပိုင်းမှာ နှလုံးခုန်နှုန်းကို ထိန်းနိုင်မယ့်စက်ကို ခွဲထည့်မှာဖြစ်ပြီးတော့ ဒါဟာ အသေးစားခွဲစိပ်မှု ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဆရာဦးဝင်းတင်ဟာ အခုချိန်မှာ အသက် ၇၉ နှစ်ကျော်နေပြီဖြစ်ပြီးတော့ အင်းစိန်ထောင်တွင်းမှာ နှစ် ၂၀ ကျော် အကျဉ်းကျခံထားရဖူးတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG