သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ မတိုင်မီ တရက်အလို ကဘူးလ်မှာ အကြမ်းဖက်မှုတိုး


အာဖဂန်နစ္စတန်နိုင်ငံရဲ့ အထွေထွေ ရွေးကောက်ပွဲ ကျင်းပဖို့ တရက်အလိုမှာ ကဘူးလ်မြို့က ဘဏ်တခုကို အသေခံ သေနတ်သမားတွေ ဝင်ရောက် တိုက်ခိုက်ခဲ့လို့ လုံခြုံရေးတပ်ဖွဲ့တွေ အထူးသတိနဲ့ တာဝန်ယူနေကြရပါတယ်။

သမ္မတအိမ်တော်နဲ့ တမိုင်လောက်ပဲဝေးတဲ့ နေရာက ဘဏ်ကို ဒီနေ့မနက် စောစောက သေနတ်သမား ၃ ယောက် အဓမ္မ ထိုးဖောက် ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ လုံခြုံရေးတွေက ပြန်ပြီး ပစ်ခတ်ခဲ့လို့ အကြမ်းဖက်သမား ၃ ယောက် သေဆုံးခဲ့ပြီး ရဲတပ်သား ၃ ယောက်လည်း ဒဏ်ရာရရှိသွားတဲ့အကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက ပြောပါတယ်။ လက်နက် ၃၀ ခန့်ကိုလည်း ဖမ်းဆီးလိုက်ပါတယ်။

မနက်ဖြန် ကျင်းပတော့မယ့် သမ္မတနဲ့ ပြည်နယ် အထွေထွေ ရွေးကောက်ပွဲအကြို တာဝန်ခံတွေက အပြီးသတ် ပြင်ဆင်နေချိန်နဲ့ အာဖဂန်နစ္စတန်နိုင်ငံရဲ့ လွတ်လပ်ရေးနေ့နဲ့လည်း တိုက်ဆိုင်နေချိန်မှာ အခုလို နောက်ဆုံး အကြမ်းဖက် တိုက်ခိုက်လိုက်တာ ဖြစ်ပါတယ်။

ဒီ ဘဏ်တိုက်ခိုက်မှုဟာ သူတို့ရဲ့လက်ချက် ဖြစ်တယ်လို့ တာလီဘန် ပြောခွင့်ရသူက ပြောရင်း ရွေးကောက်ပွဲအကြို နောက်ထပ် တိုက်ခိုက်မှုတွေအတွက် စီစဉ်ထားပြီး ဖြစ်တယ်လို့လည်း သတင်းဌာနတွေကို အကြောင်းကြားထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG