မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း
တရုတ်နိုင်ငံမှာ စီးပွားရေး အကျပ်အတည်းကနေ ပြန်လည် နာလန်ထူလာစ
အရိပ်လက္ခဏာတွေ တွေ့နေရပါတယ်။ ဒါပေမယ့်လည်း ပြည်ပပို့ကုန်အပေါ် မှီခိုအားထားနေတဲ့ စီးပွားရေးမှာ အားနည်းချက်တွေ ရှိနေဆဲဆိုပြီး သတိပေးမှုတွေကလည်း ရှိနေတာပါ။ ဒီလိုပဲ သဘာဝ သယံဇာတ အရင်းအမြစ်တွေကို ရောင်းချပြီး နိုင်ငံခြားဝင်ငွေ ရှာနေတဲ့ တရုတ်နိုင်ငံနဲ့ ကုန်သွယ်ဖက် မြန်မာနိုင်ငံရဲ့ စီးပွားရေး ဟာဆိုရင်လည်း လိုအပ်တဲ့ အခြေခံကောင်းတွေ မရှိလို့ အလားအလာတွေ အားနည်းနေတယ်လို့ စီးပွားရေးပညာရှင်တွေက
သုံးသပ်ကြပါတယ်။ တရုတ်နိုင်ငံနဲ့ မြန်မာပြည် စီးပွားရေး အလားအလာတွေကို
ဒီတပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး က စုစည်းတင်ပြပေးထားပါတယ်။