သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀က်တုပ်ကွေးအတွက် ပြင်ဆင်ကြဖို့ ကုလသမဂ္ဂ သတိပေး


လာမယ့်လတွေအတွင်း HINI ဗိုင်းရပ်စ် ဝက်တုပ်ကွေးရောဂါ ကူးစက်မယ့်အလားအလာ တွေ့ရလို့ အစိုးရတွေအနေနဲ့ အဆင်သင့် ပြင်ဆင်ထားကြဖို့် WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သောကြာနေ့က သတိပေးလိုက်ပါတယ်။

နိုင်ငံအတော်များများမှာ ဝက်တုပ်ကွေးရောဂါကူးစက်သူ ဦးရေ အဆမတန်များလာတာကို တွေ့လာနိုင်တယ်လို့ WHO အကြီးအကဲ Margaret Chan က Beijing မြို့မှာကျင်းပတဲ့ ကျန်းမာရေး နှီးနှောဖလှယ်ပွဲမှာ ပြောဆိုလိုက်တာပါ။

နိုင်ငံအများစုမှာ ရောဂါကူးစက်မှုအခြေအနေ အဆိုးဆုံးအဆင့် မရောက်မှီ လတွေနဲ့ချီပြီး ၃၊ ၄ ရက်အတွင်း ကူးစက်သူ ဦးရေ နှစ်ဆတိုးလာတာတွေ့ရနိုင်တယ်လို့ WHO ပစိဖိတ်အနောက်ပိုင်းဒေသ ညွှန်ကြားရေမှူး Shin Young-soo က သတိပေးလိုက်ပါတယ်။

အထူးသဖြင့် ဆင်းရဲတဲ့နိုင်ငံတွေရဲ့ညံ့ဖျင်းတဲ့ ကျန်းမာရေးပြုစုစောင့်ရှောက်မှု စံနစ်ကြောင် ရောဂါကူးစက်မှုနှုန်း မြန်လာ တာ ဖြစ်တယ်လို့ WHO တာဝန်ခံတွေက ပြောပါတယ်။

နိုင်ငံအားလုံးအတွက် ကာကွယ်ဆေးရရှိရေး သေချာအောင်လုပ်ဖို့ကတော့ WHO အတွက် အကြီးဆုံး စိန်ခေါ်နေတဲ့ ပြဿနာပဲလို့ တုပ်ကွေးရောဂါကျွမ်းကျင်သူ Keiji Fukuda ကဆိုပါတယ်။

ကမ္ဘာတဝန်း ကျန်းမာရေးဓါတ်ခွဲခန်း ၁၈,၀၀၀၀ ရဲ့ စစ်ဆေးချက်အရ ဝက်တုပ်ကွေးရောဂါကြောင့် သေဆုံးရသူပေါင်း ၁၈,၀၀ ရှိသွားပြီလို့ WHO က အတည်ပြုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာတော့ ဝက်တုပ်ကွေး ရောဂါကူးစက်တယ်လို့ သံသယရှိသူ ၁၈၁ ဦးကို စစ်ဆေးခဲ့ရာမှာ ပိုးတွေ့ရှိသူ ၂၄ ဦး ရှိသွားပြီလို့ ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲဌာနက အတည်ပြုထားကြောင်း ရန်ကုန်ကလာတဲ့ သတင်းတွေမှာ ဖော်ပြထား ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG