သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှည်းကူး အရက်ချက်စက်ရုံမီး ၃ဦးသေ ၆ဦး ဒဏ်ရာရ


လှည်းကူးမြို့က အရက်ချက်စက်ရုံမှာ မနေ့က မီးလောင်မှုဖြစ်ပွားခဲ့တဲ့အတွက် အနည်းဆုံး လူ ၃ ယောက် သေဆုံးပြီး တယောက် ပျောက်ဆုံးနေတယ်လို့ လှည်းကူး ရဲစခန်းက အတည်ပြု ပြောဆိုပါတယ်။ ဒီအရက်ချက်စက်ရုံဟာ မြို့အပြင်မှာ ရှိတယ်ဆိုပေမဲ့ လူနေ အိမ်ခြေတွေကြားမှာ ဆောက်ထားတာလို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါတယ်။

မနေ့က စနေနေ့မှာဖြစ်ပွားခဲ့တဲ့ ဒီမီးလောင်မှုကြောင့် အနည်းဆုံး လူ ၃ ယောက်သေ၊ တယောက် ပျောက်ဆုံးနေပြီး ၆ ယောက် ဒဏ်ရာခဲ့တယ်တယ်ဆိုတာကို လှည်းကူးရဲစခန်းက ဗွီအိုအေကို အတည်ပြု ပြေကြားခဲ့ပါတယ်။

“လူအသေအပျောက်စာရင်းတော့ ရမယ်။ အသေအပျောက်ကတော့ ၃ယောက်သေပြီး ၁ယောက် ပျောက်နေပါတယ်။ ဒဏ်ရာရတဲ့သူက ၆ယောက် ရှိပါတယ်။ စက်ရုံ တခုလုံးနီ်းပါး လောင်သွားတယ်။ စက်ရုံနာမည်က Grand Royal လို့ ခေါ်ပါတယ်။ ”

လှည်းကူးရဲစခန်းက တာဝန်ကျ အရာရှိတဦးက ပြောပြသွားတာပါ။

အခုမီးလောင်မှုဖြစ်ပွားခဲ့တဲ့အရက်ချက်စက်ရုံဟာ Grand Royal Whisky စက်ရုံဖြစ်ပြီး စက်ရုံဟာ လူနေရပ်ကွက်ထဲမှာ ဆောက်ထားတာလို့ လှည်းကူးမြို့ခံတဦးကလည်း အခုလို အတည်ပြု ပြောဆိုပါတယ်။

“ဟုတ်ပါတယ်။ Grand Royal။ အခုထက်ထိတော့ ရှုပ်နေတာပဲ။ လူသေတာတော့ ကြားတယ်။ လှည်းကူး မြို့ထဲမှာပဲ။ ရပ်ကွက်ထဲမှာ။ ”

မနေ့က လှည်းကူးမြို့ Grand Royal Whisky စက်ရုံမှာ မီးလောင်မှုဖြစ်ပွားခဲ့တဲ့အကြောင်း မြို့ခံတဦးက ပြောပြခဲ့တာပါ။

ဂျာမနီနိုင်ငံအခြေစိုက် DPA သတင်းဌာနကတော့ ဒီအရက်ချက်စက်ရုံမီးလောင်မှုကြောင့် အနည်းဆုံး လူ ၅ယောက် သေဆုံးပြီး ၈ယောက်လောက် ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG