သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာပိုင်တို့ရဲ့ ပျော့ပြောင်းမှုအတိုင်း အတိုက်အခံဘက်က လိုက်လျောသင့်ပါသလား


မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အပေါ် သက်ညှာမှုပေးခဲ့တယ် ဆိုတာဟာ အာဃာတ မရှိစေချင်လို့၊ ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် အထောက်အပံ့ ဖြစ်စေချင်လို့ ဆိုပြီး ပြောဆိုနေပါတယ်။ တနည်းအားဖြင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို လိုသဘောလို့ ယူဆနိုင်ပါတယ်။ ဒီလိုပြောလာတာကို အတိုက်အခံတွေ၊ ဒီမိုကရေစီ အင်အားစုတွေ ဘက်ကရော ဒါနဲ့ လိုက်လျော ညီထွေ ဖြစ်အောင် လေသံပြောင်းဖို့ နည်းလမ်းရှာသင့်သလား၊ စဉ်းစား သင့်သလားဆိုတာ ဆွေးနွေးဖို့အတွက် ဥရောပ မြန်မာရုံးက ညွန်ကြားရေးမှူး ဦးဟန်ယောင်ရွှေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော် အမတ်တဦးလည်းဖြစ်၊ ပြန်ကြားရေး အဖွဲ့ဝင်တဦးလည်းဖြစ်တဲ့ ဦးအုန်းကြိုင်တို့နဲ့ သောတရှင်တွေကို ဦးကျော်ဇံသာက တွေ့ဆုံ ပေးထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG