သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ဂျပန်အစိုးရ တိုက်တွန်း


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကနေ အမြန်ဆုံး လွှတ်ပေးပါလို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက မြန်မာစစ်အစိုးရကို ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီး နာကာဆိုနေး က မြန်မာစစ်အစိုးရ လယ်ယာစိုက်ပျိုးရေး ဝန်ကြီးလည်းဖြစ်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းရဲ့ အထွေထွေအတွင်းရေးမှူးလည်း ဖြစ်တဲ့ ဗိုလ်ချုပ်ဌေးဦး နဲ့ ဒီကနေ့ တွေ့ဆုံရာမှာ အခုလို တိုက်တွန်းလိုက်တာပါ။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံ ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ခွင့်ပြုသင့်တယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး နာကာဆိုနေး က တိုက်တွန်း လိုက်တဲ့အကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

အိမ်ရှင် ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ဒီလိုတိုက်တွန်းလိုက်တဲ့အခါမှာ စစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ် ဌေးဦးက တကယ်လို့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကောင်းမွန်စွာ နေထိုင်သွားမယ်ဆိုရင်တော့ အမြန်ဆုံးပြန်လွှတ်ပေးမယ်လို့ တုံ့ပြန်သွားတဲ့ အကြောင်းကို ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ကြေညာချက်က ထည့်သွင်းဖော်ပြထားပါတယ်။

အခုလို စစ်အစိုးရ ဝန်ကြီးလည်းဖြစ်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းရဲ့ လူကြီးလည်းဖြစ်တဲ့ ဗိုလ်ချုပ် ဌေးဦး ကို ဂျပန်အစိုးရက တရားဝင်ဖိတ်ကြားခဲ့တာကြောင့် ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီရေး အင်အားစုတွေက ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ရှေ့မှာ ဆက်တိုက်ဆိုသလို ဆန္ဒပြနေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG