သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်သမ္မတ ရွေးကောက်ပွဲ ဟာမစ်ခါဇိုင်း အသာစီးရ


အာဖဂန်နစ္စတန် နိုင်ငံမှာ အရင်အပတ် က ကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲ မဲတွေ ကို ရေတွက်ခဲ့ရာမှာ ခု အချိန်အထိ ဆိုရင်တော့ လက်ရှိသမ္မတ ဟာမစ်ကာဇိုင်း က အတိုက်အခံ သမ္မတလောင်း Abdullah Abdullah ကို မဲ အနည်းငယ် နဲ့ အသာရရှိနေတယ်လို့ သီးခြားလွတ်လပ်တဲ့ ရွေးကောက်ပွဲ ကော်မရှင် က ပြောပါတယ်။

မစ္စတာ ကာဇိုင်း က ၄၀ ဒဿမ ၆ ရာနှုန်း ရပြီး၊ မစ္စတာ Abdullah က ၃၈.၇ ရာခိုင်နှုန်း ရရှိနေကြပါတယ်လို့ ကော်မရှင် က ဆိုပါတယ်။ ဒါကတော့ မဲစုစုပေါင်း ရဲ့ ၁၀ ရာခိုင်နှုန်း ကို ပဲ ရေတွက်ပြီး အခြေအနေ ဖြစ်ပါတယ်။ ဘယ်သူ ကမှ နိုင်ပြီ လို့ ကျေညာလို့ မရသေးကြောင်း ပြောရေးဆိုခွင့်ရှိသူ Nur Mohammad Nur က ဗွီအိုအေ ကို ပြောပါတယ်။

ရေတွက်သမျှမဲတွေ ကို ဒီအပတ်အတွင်း နေ့စဉ် ကျေညာသွားမယ်လို့ ရွေးကောက်ပွဲ အရာရှိတွေ က ပြောပါတယ်။ နောက်ဆုံး ရလဒ် စာရင်းကိုတော့ စက်တင်ဘာလ ၃ ရက်နေ့ မှာ ကြေညာနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ အာဖဂန် နစ္စတန် တောင်ပိုင်းမှာ ဗုံးပေါက်ကွဲခဲ့တဲ့အတွက် အမေရိကန် စစ်သား ၄ ယောက် သေဆုံးသွားကြောင်း နေတိုး အရာရှိတွေ က ဒီနေ့မှာပဲ ပြောပါတယ်။ လွန်ခဲ့တဲ့ ရှစ်နှစ် အမေရိကန် ဦးဆောင် ပြီး အာဖဂန်နစ္စတန်အတွင်း ဝင်ရောက်လာခဲ့ကတည်း က ဆိုရင်၊ ၂၀၀၉ ခုနှစ် ဟာ အကျအဆုံး အများဆုံး နှစ် ဖြစ်လာပါတယ်။

အင်္ဂါနေ့ က သေဆုံးသွားသူတွေ နဲ့ ပါဆိုရင်၊ ဒီ နှစ်အတွင်း သေဆုံးသူ အာဖဂန်နစ္စတန်ရောက် နိုင်ငံခြား စစ်သားပေါင်း က ၂၉၅ ယောက် ရှိသွားခဲ့ပါပြီ။ မနှစ် က ကျဆုံးသူပေါင်း ၂၉၄ ယောက်ပဲ ရှိတာပါ။
XS
SM
MD
LG