သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ပိုင်းအာဖဂန် ဗုံးကွဲမှုကြောင့် လူ ၄၀ သေဆုံး


အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်း ကန်ဒဟာ (Kandahar) မြို့မှာ မနေ့က အားပြင်းတဲ့ဗုံးတလုံး ကွဲခဲ့လို့ အနည်းဆုံး လူ ၄၀ သေဆုံးခဲ့ပါတယ်။ ဓာတ်ဆီတွေ သယ်ဆောင်ထားတဲ့ ထရပ်ကားတစီး ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး အဲဒီနေရာနဲ့ တမိုင်အတွင်းက အိမ်တွေမှာ ပြတင်းပေါက်တွေကွဲ၊ တံခါးတွေ ပြုတ်ထွက်ကုန်လို့ အနည်းဆုံး လူ ၆၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ကန်ဒဟာပြည်နယ် ကောင်စီ အကြီးအကဲ Ahmad Wali Karzai က ဗွီအိုအေကို ပြောခဲ့ပါတယ်။

မနေ့အစောပိုင်းတုန်းကလည်း အာဖဂန်နစ္စတန်တောင်ပိုင်းမှာ ဗုံးကွဲခဲ့လို့ အမေရိကန်စစ်သား ၄ ဦး သေဆုံးသွားခဲ့တယ်လို့ နေတိုးအဖွဲ့က ပြောခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG