သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိသားစုများ ပြန်လည်ဆုံဆည်းရေး တောင်နဲ့မြောက် ကိုရီးယား ဆွေးနွေး


တောင်နဲ့မြောက် ကိုရီးယားတို့ကြား ၁၉၅၀ ကနေ ၁၉၅၃ ခုနှစ်အထိ ဖြစ်ခဲ့တဲ့ စစ်ပွဲအတွင်း ကွဲကွာခဲ့ကြရတဲ့ မိသားစုတွေ ပြန်လည်ဆုံတွေ့ဖို့ အစီအစဉ်တွေ ပြန်စနိုင်ရေးအတွက် တောင်နဲ့ မြောက်ကိုရီးယားက ကြက်ခြေနီ အဖွဲ့တွေ ဆွေးနွေးနေကြ ပါတယ်။ မြောက်ကိုရီးယားက Mt. Kumgang တောင်ပေါ် အပန်းဖြေစခန်းက ဆွေးနွေးပွဲမှာ ကိုယ်စားလှယ် ၃ ဦး ပါဝင်တဲ့ တောင်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ကို ကြက်ခြေနီအသင်း အတွင်းရေးမှူးချုပ် Kim Young-chol ဦးဆောင်ပါတယ်။ အဖွဲ့ခေါင်းဆောင် ဖြစ်တဲ့ မစ္စတာ ကင်မ် ကတော့ မိသားစုတွေ ပြန်လည်ဆုံဆည်းဖို့ဟာ အဓိက ဆွေးနွေးမယ့် အကြောင်းအရာ ဖြစ်လိမ့်မယ်လို့ ဆိုပေမဲ့ တခြား လူသားချင်း စာနာမှုဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်လို့လည်း ဆွေးနွေးသွားမယ်လို့ ပြောပါ တယ်။ ဒါဟာဆိုရင် ၂ နှစ်အတွင်း နှစ်ဖက်အကြား ဆွေးနွေးမှုတွေ ပြန်လည် စတင်နိုင်ခဲ့တာ ဖြစ်သလို၊ မြောက်ကိုရီးယားက တောင်ကိုရီးယားကို ချစ်ကြည် ရင်းနှီးမှု ပြသမှုတွေထဲက နောက်ဆုံးတွေ့ရတာလည်း ဖြစ်ပါတယ်။ မနေ့တုန်းကတော့ မြောက်ကိုရီးယားက တောင်ကိုရီးယားကို တယ်လီဖုန်း တိုက်ရိုက် ဆက်သွယ်မှုတွေကို ပြန်ဖွင့်ပေးခဲ့တာပါ။ တောင်ကိုရီးယား က ရန်လိုတဲ့ အပြုအမူတွေ လုပ်တယ်ဆိုပြီး မြောက်ကိုရီးယားက တယ်လီဖုန်း ဆက်သွယ်မှုတွေ မိသားစု ပြန်လည် ဆုံဆည်းမှု တွေကိုလည်း ဖြတ်တောက်ထားတာပါ။


ဆက်စပ်သတင်းများ ...

XS
SM
MD
LG