အာရှတလွှား စီးပွားရေး အကျပ်အတည်းက ရုန်းထဖို့
ကျိုးပမ်းနေတဲ့ တချိန်တည်းမှာပဲ မြန်မာနိုင်ငံ အပါအ၀င် ဖြစ်တဲ့
အရှေ့တောင်အာရှ နိုင်ငံများ အသင်း (အာဆီယံ) ကလည်း ဒေသတွင်း ကုန်သွယ်ဖက်
နိုင်ငံတွေနဲ့ စီးပွားဖက်စပ် လုပ်ကိုင်ဖို့ အရှိန်မြှင့် လုပ်ဆောင်
လာနေပါတယ်။ အထူးသဖြင့်ကတော့ ဒေသတွင်း စီးပွားရေး အင်အားကြီး နိုင်ငံတွေနဲ့
ပူးပေါင်း ဆောင်ရွက်မှုတွေကို တွေ့နေရတာပါ။ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ တနေ့တခြားကြီးထွားလာနေတဲ့ ဒီကနေ့ခေတ်မှာ အာဆီယံအသင်းဝင်ြ ဖစ်တဲ့
မြန်မာနိုင်ငံ အနေနဲ့ရော အကျိုးအမြတ်တွေ ခံစားရဖို့ ရှိနိုင်မှာလား
ဆိုတာကိုတော့ ဒီတပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး က
စုစည်းတင်ပြပေးထားပါတယ်။