သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုးကန့်ဒုက္ခသည်များ တရုတ်နိုင်ငံဘက် ခိုလှုံ


မြန်မာနိုင်ငံ အရှေ့ပိုင်းက တရုတ်ပြည်နဲ့ကပ်လျက် ရှမ်းပြည်နယ်ဘက်မှာ မြန်မာစစ်တပ်နဲ့ အပစ်ရပ် အဖွဲ့တွေကြား တိုက်ပွဲ တွေ ဖြစ်ပွားနေတာကြောင့် အရပ်သားတွေ ထောင်သောင်းချီပြီး နယ်စပ်ကိုဖြတ်ကျော်ကာ တရုတ်နိုင်ငံထဲကို ထွက်ပြေး နေကြပါ တယ်။

တရုတ်လူမျိုးတွေ အများအပြား နေထိုင်တဲ့ ကိုးကန့်ဒေသက လောက်ကိုင်မြို့မှာ မြန်မာစစ်တပ် နေရာယူထားတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

စစ်အစိုးရ တပ်ဖွဲ့တွေနဲ့ MNDAA မြန်မာပြည် အမျိုးသား သွေးစည်းညီညွတ်ရေး တပ်မတော် ခေါ် ဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်မှာကြောက်လို့ ဒေသခံတွေ ထွက်ပြေးကြတာ ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရထားတဲ့ ကိုးကန့်တပ်ဖွဲ့ဟာ နှစ်ခြမ်းကွဲပြီး ကိုးကန့်အဖွဲ့ထဲက တချို့က စစ်အစိုးရရဲ့ နယ်ခြားစောင့် တပ်ဖွဲ့အဖြစ် ပါဝင်ဖို့ မြန်မာစစ်တပ်နဲ့ ပူပေါင်းသွားပါတယ်။

ပြီးခဲ့တဲ့ သီတင်းသုံးပတ်အတွင်းမှာ တရုတ်ပြည်တောင်ပိုင်း ယူနန်ပြည်နယ်ထဲကို မြန်မာနိုင်ငံက ဒုက္ခသည် ၁၀,၀၀၀ ကျော် ဝင်ရောက်လာခဲ့တယ်လို့ တရုတ် သတင်းမီဒီယာတွေမှာလည်း ဖော်ပြနေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG