သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် အယူခံဝင်မည်


မကြာသေးခင်က ချမှတ်ခဲ့တဲ့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို အယူခံဝင်မယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက ပြောပါတယ်။ တရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ ဆိုင်းငံ့ပြစ်ဒဏ် ၁၈ လ ချမှတ်ခဲ့ပါတယ်။

တိုင်းတရားရုံးကို နောက်တပတ်မှာ အယူခံဝင်မယ်လို့ ရှေ့နေကြီး ဦးဉာဏ်ဝင်းက သတင်းထောက်တွေကို ကြာသပတေးနေ့က ပြောကြားပါတယ်။

နေအိမ်အကျယ်ချုပ် စည်းမျဉ်းစည်းကမ်းတွေကို ဒေါ်အောင်ဆန်းစုကြည်က ချိုးဖောက်ခဲ့တာကြောင့် အပြစ်ရှိတယ်လို့ အင်းစိန် အကျဉ်းထောင်မှာရှိတဲ့ အထူးတရားရုံးက ဆုံးဖြတ်ခဲ့တာပါ။

အမေရိကန်နိုင်ငံသား ဂျွန် ယက်တော (John Yettaw) ကို လက်ခံခဲ့တဲ့အတွက် အဲဒီလို နေအိမ်အကျယ်ချုပ် စည်းမျဉ်းတွေကို ဒေါ်အောင်ဆန်းစုကြည်က ချိုးဖောက်ခဲ့တာ ဖြစ်တယ်လို့ စွပ်စွဲခဲ့တာပါ။ တရားရုံးက မစ္စတာယက်တောကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၇ နှစ် ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။ ဒါပေမယ့် အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ် ဝက်ဘ် (Jim Webb) မြန်မာပြည် သွားရောက်စဉ် သူ့ကို ပြီးခဲ့တဲ့ သီတင်းပတ်က စစ်အစိုးရက လွှတ်ပေးခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အဖမ်းခံထားရစဉ်အတွင်း သူဟာ နေ့တိုင်း ငိုခဲ့ရတယ်လို့ မစ္စတာယက်တောက CNN ရုပ်မြင်သံကြားကို မနေ့က ပြောကြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG