အမေရိကန်ပြည်ထောင်စုမှာ သြဂုတ်လ ၂၆ ရက်နေ့ဟာ အမျိုးသမီးများ တန်းတူအခွင့်အရေးနေ့ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုအပြင် ကမ္ဘာတဝှမ်းမှာ အမျိုးသမီးတွေ တန်းတူအခွင့်အရေး ကြိုးပမ်းမှုတွေကို ဒီအထိမ်းအမှတ်နေ့ ကျင်းပခြင်းအားဖြင့် နိုးကြားမှု တိုးစေတာဖြစ်ပါတယ်။ လူ့အခွင့်အရေးဟာ အမျိုးသမီးအခွင့်အရေးနဲ့အတူတူဖြစ်တယ်ဆိုတာကို ၁၉၉၅ ခုက တရုတ်နိုင်ငံ ဘေကျင်းမှာ စတုတ္ထအကြိမ် ကျင်းပခဲ့တဲ့ နိုင်ငံတကာ အမျိုးသမီးများ ညီလာခံမှာလည်း ထိုစဉ်က သမ္မတကတော်ဖြစ်ပြီး ယခု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဟေလာရီ ကလင်တန် က ထောက်ပြခဲ့ပါတယ်။ အမျိုးသမီးများ တန်းတူအခွင့်အရေးနေ့ နောက်ခံသမိုင်းနဲ့ပတ်သက်လို့ ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်း က တင်ပြထားပါတယ်။