သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိသားစုတွေ ပြန်လည်ပေါင်းစည်းရေး တောင်နဲ့မြောက်ကိုရီးယား သဘောတူညီမှုရရှိ


ကွဲကွာနေကြတဲ့ မိသားစုတွေ ပြန်ဆုံဆည်းမယ့် အစီအစဉ် ကို နောက်လ မှာ ပထမအသုတ်အဖြစ် စလုပ်ကြဖို့ မြောက်ကိုရီးယား နဲ့ တောင်ကိုရီးယား နိုင်ငံတို့ သဘောတူလိုက်ကြပါတယ်။ ၂ နှစ် နီးနီးအတွင်း ကိုရီးယား ပြည်သူတွေ ဒီလို ပထမဆုံး ဆုံဆည်းနိုင်ကြတာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံတွင်း က Mount Kumgang အပန်းဖြေစခန်းမှာ သုံးရက်ကြာ ဆွေးနွေးကြပြီးတဲ့နောက် နှစ်နိုင်ငံလုံး က အဲဒီလို အစီအစဉ် ပြန်စဖို့ သဘောတူခဲ့ကြတာပါ။ မိသားစု ၂၀၀ အကျုံးဝင်မယ့် ၆ ရက်ကြာ ယာယီ ပြန်လည် ဆုံဆည်းရေး အစီအစဉ်ကို သဘောတူခဲ့ကြပါတယ်လို့ နှစ်ဘက်လုံးက ပြောပါတယ်။

ကိုရီးယားမှာ အရေးကြီးဆုံး အလုပ်ပိတ်ရက် ၂ ရက် ရှိပါတယ်။ အဲဒီထဲက တစ်ရက်ဖြစ်တဲ့ ချူစောက် Chuseok ပိတ်ရက် မတိုင်မီ စက်တက်ဘာ ၂၆ ရက်နေ့ မှာ ပြန်လည်ဆုံဆည်းတာ စမှာပါ။ ဒီသဘောတူညီချက်ဟာ တစ်နှစ်ကြာ ရန်စောင် နေခဲ့ကြပြီးတဲ့နောက် နှစ်ဘက်ကြား တင်းမာမှုတွေကို လျှော့ချဖို့ အားထုတ်တဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။ အဲဒီလို မိသားစု တွေ နောက်ဆုံး ဆုံဆည်းနိုင်ခဲ့ကြတာကတော့ ၂၀၀၇ ခုနှစ်တုန်းကပါ။

ကိုရီးယားစစ်ပွဲကြောင့် မိသားစု သန်းပေါင်းများစွာ ဟာ ကွဲကွာသွားခဲ့ကြပါတယ်။ စစ် က ၁၉၅၃ မှာ ပြီးသွားပေမဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်တော့ မရသေးပါဘူး။ မြောက်နဲ့တောင် သာမန် ကိုရီးယားပြည်သူတွေကြားမှာ စာတိုက်၊ တယ်လီဖုန်း၊ အီးမေး အဆက်အသွယ် မရှိရှာကြပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG