သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုးကန့်ဒေသ တိုက်ပွဲ နဲ့ ဒုက္ခသည်များ အခြေအနေ


ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကိုးကန့်တပ်ဖွဲ့တွေနဲ့ မြန်မာစစ်အစိုးရအကြား (၃) ရက်ကြာ အပြန်အလှန် ပစ်ခတ်ခဲ့တဲ့ တိုက်ပွဲတွေကတော့ ရပ်ဆဲသွားခဲ့ပါပြီ။ ဒါကြောင့်လည်း ဒေသခံတွေ ကိုယ့်နေရပ်ကို ပြန်နိုင်ပါပြီလို့ တရုတ် အာဏာပိုင်တွေက ပြောခဲ့ကြပါတယ်။

ဒုက္ခသည်တွေ တရုတ်နိုင်ငံဘက် ထွက်ပြေးကြတဲ့ အချိန်မှာဘဲ ကိုးကန့်ဒေသ လောက်ကိုင် နဲ့ ချင်းရွှေဟော် မြို့ထဲက ဈေးဆိုင်တွေ ကုန်စုံဆိုင်တွေ အလုခံနေရတယ်ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။ တချို့က ဒီလိုလုယက် သူတွေဟာ မြန်မာစစ်သားတွေလား၊ ဒါမှမဟုတ် တခြားဒေသခံတွေလား ဆိုတာတော့ သဲသဲကွဲကွဲ မသိရသေးပါဘူး။

တိုက်ပွဲတွေကြားက ဘေးလွတ်ရာကို ထွက်ပြေးလာတဲ့ ကိုးကန့်တိုင်းရင်းသား ဒုက္ခသည် (၃၇၀၀၀) ထဲက (၁၀၀၀၀) ကျော်ကို တရုတ်အစိုးရက ယာယီမိုးကာတဲတွေမှ ခိုလှုံခွင့်ပေးခဲ့သလို အစားအသောက်တွေလည်း ထောက်ပံံ့ပေးခဲ့ပါတယ်။

မြန်မာစစ်အစိုးရနဲ့ ဖုန်ကျားရှင် ဦးဆောင်တဲ့ ကိုးကန့်လက်နက်ကိုင်အဖွဲ့တွေအကြား တိုက်ပွဲတွေကြားမှာ ဒုက္ခသည် (၃၀၀၀၀) ကျော် နေရပ်ကို စွန့်ခွာပြီး ထွက်ပြေးခဲ့ကြတာပါ။ ဒါပေမယ့်လည်း ဒီဒေသခံတွေ နောက်တခါ အခုလို ကိုယ့်အိုးကိုယ့်အိမ် ပိုင်ဆိုင်မှုတွေကို စွန့်လွတ်ပြီး တရုတ်ပြည်ဘက်ကို သွားစရာ မလိုတော့ပါဘူးဆိုတဲ့ အာမခံချက်မျိုးကိုတော့ မြန်မာစစ်အစိုးရကရော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေပါ ပေးနိုင်သေးတာ မတွေ့ရသေးပါဘူး။

ကိုးကန့်ဒေသ ပဋိပက္ခ ပြေလည်အောင် ဖြေရှင်းဖို့ တရုတ်တောင်းဆို

28 August 2009

မြန်မာစစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ ကိုးကန့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ နဲ့ စစ်အစိုးရတပ်တွေအကြား တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ကိုးကန့် ဒေသခံ တိုင်းရင်းသားတွေ ထောင်နဲ့ချီ တရုတ်နိုင်ငံထဲကို ထွက်ပြေးနေကြပါတယ်။

ဒီလို တရုတ်နိုင်ငံထဲကို ထောင်နဲ့ချီပြီး မြန်မာနိုင်ငံဘက်က အရပ်သားတွေ ထွက်ပြေးလာခဲ့ကြတဲ့ အကြောင်းရင်းဖြစ်တဲ့ နယ်စပ်ဒေသ ထိုးစစ်ဆင်မှုတွေကို ရပ်ပစ်ဖို့ တရုတ်အစိုးရက တောင်းဆိုလိုက်ပါတယ်။

ဂျနီဗာ ကုလသမဂ္ဂရုံးချုပ် ဒုက္ခသည်များဆိုင်ရာ UNHCR အဖွဲ့ကလည်း ကိုးကန့်ဒေသ တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံတောင်ပိုင်း ယူနန်နယ်ထဲကို ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေဟာ တစ်သောင်းကနေ သုံးသောင်းအကြား ရှိနေနိုင်တာမို့ စိုးရိမ်မကင်း ဖြစ်ရတယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG