မြန်မာနိုင်ငံ ကိုးကန့်နယ်က ဒုက္ခသည်တွေ တရုတ်နိုင်ငံဘက် ခိုလုံနေတယ်ဆိုတဲ့ သတင်းကြောင့် ကုလသမဂ္ဂ ဒုက္ခသည် များ မဟာမင်းကြီးရုံးက စိုးရိမ်ကြောင်း ပြောကြားလိုက်ပါတယ်။ စစ်အစိုးရနဲ့ ကိုးကန့်တပ်ဖွဲ့တွေအကြား ဖြစ်နေတဲ့ တင်းမာမှုတွေ၊ တိုက်ပွဲတွေကြောင့် ဒေသခံတွေ တရုတ်ဘက်ကို ထွက်ပြေးနေကြရတာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ မနေ့က ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂ သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရသူ မစ်ရှဲလ် မွန်းတက်စ် က အခုလို ပြောကြားသွားပါ တယ်။
“မကြာသေးခင် ရက်သတ္တပတ်တွေအတွင်း မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း ရှမ်းပြည်နယ်က ဒုက္ခသည်ပေါင်း တစ်သောင်း ကနေ သုံးသောင်းအထိ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲ ပြေးဝင်ခိုလုံတယ်ဆိုတဲ့ သတင်းကြောင့် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးက စိုးရိမ်မကင်း ဖြစ်ကြောင်း ဖော်ထုတ်ပြောကြားလိုက်ပါတယ်။ ဒီဒုက္ခသည်တွေ အတွက် ဘာတွေ လိုအပ်နေသလဲဆိုတာ UNHCR က အာဏာပိုင်တွေနဲ့ ညှိနှိုင်းနေပါတယ်။ မြန်မာနိုင်ငံဘက်က သုံးသောင်းအထိ ရှိတဲ့လူ တွေ စစ်အစိုးရနဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေအကြား ဖြစ်ပွားတဲ့ စစ်ပွဲတွေကို တိမ်းရှောင်ရင်း တရုတ်နိုင်ငံဘက်က တချို့ နေရာတွေဆီကို သြဂုတ်လ ၈ ရက်နေ့ကစပြီး ၀င်ရောက် လာနေကြတာ ဖြစ်ပါတယ်။ ယူနန် အာဏာပိုင်တွေအနေနဲ့ ဒုက္ခသည်တွေအတွက် နေစရာ စားစရာနဲ့ ဆေးဝါးတွေ ထောက်ပံ့ပေးထားတယ်လို့လည်း သိရပါတယ်။ ဒီလို ကူညီ ထောက်ပံ့နိုင်ရေးအတွက် ဒေသအာဏာပိုင်တွေကို ကူညီဖို့ UNHCR ကလည်း အသင့်ရှိနေပါတယ်။”
ကုလသမဂ္ဂ ပြောခွင့်ရပုဂ္ဂိုလ် မစ်ရှဲလ်မွန်းတက်စ် ပြောသွားတာပါ။