သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရောက် မြန်မာအလုပ်သမားတွေ ပိုမိုဆင်းရဲ


ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သားတွေရဲ့ ဘဝဟာ အရင်နှစ်တွေကထက် ပိုဆိုးလာတယ်လို့ MAP ခေါ် ထိုင်းအခြေစိုက် ရွှေ့ပြောင်းအလုပ်သမား ကူညီရေးအဖွဲ့က ပြောလိုက်ပါတယ်။ ထိုင်းရောက်မြန်မာအလုပ်သမားတွေကို ထိုင်းအစိုးရက ပိုပြီးအကာအကွယ်ပေးဖို့၊ တရားဥပဒေလမ်းကြောင်းအရ အကာအကွယ်ပေးမှုတွေရော၊ လူမှုရေးဆိုင်ရာ လုံခြုံမှုတွေ ရဖို့ကိုရော ကူညီလုပ်ဆောင်ပေးဖို့ အဲဒီအဖွဲ့က ထုတ်ဝေခဲ့တဲ့ အစီရင်ခံစာမှာ တိုက်တွန်းထားပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေရဲ့ ၇၀ % ဟာ မြို့ကြီးတွေမှာ အလုပ်လုပ်နေကြပြီး အရင်ကထက် ဒုက္ခတွေ ပိုများနေတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းကဆိုရင် နေစရိတ်စားစရိတ်တွေ တက်သွားခဲ့ပေမယ့်လည်း သူတို့ရဲ့ လစာကတော့ လျှော့ချခြင်းခံခဲ့ရတယ်လို့ ဆိုပါတယ်။

MAP ရဲ့ အစီရင်ခံစာကို ရေးသားခဲ့သူထဲကတဦးက ထိုင်းအစိုးရအနေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အလုပ်ချိန်၊ အနည်းဆုံး ရသင့်ရထိုက်တဲ့လစာနဲ့ အလုပ်ပြုတ်သွားရင် ရသင့်တဲ့ နစ်နာကြေးနဲ့ပတ်သက်ပြီး ဥပဒေတွေ ချမှတ်ပြီး ဆောင်ရွက်သင့်တယ်လို့ ဆိုပါတယ်။ အာဏာပိုင်တွေအနေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို သူတို့တိုင်းပြည်ကို ပြန်ပို့မယ်လို့ ခြိမ်းခြောက်တာတွေကိုလည်း ရပ်တန့်သင့်တယ်လို့ ပြောပါတယ်။ ထိုင်းနိုင်ငံက ရွှေ့ပြောင်းအလုပ်သမား အများစုဟာ တရားဝင် စာရွက်စာတမ်းမရှိဘဲ နေထိုင်လုပ်ကိုင်နေကြတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG