အမေရိကန် သမ္မတ အိုဘားမား အဆိုပြုထားတဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပြုပြင်ရေး အစီအစဉ်နဲ့ ပတ်သက်လို့ လူထုနဲ့ ဆွေးနွေးပွဲတွေမှာ ဝေဖန်ကန့်ကွက်မှုတွေ ကြုံနေရပါတယ်။ ဒါ့အပြင် သမ္မတအိုဘားမားရဲ့ မိသားစု အားလတ်ရက် အပန်းဖြေခရီးစဉ်အကြောင်းနဲ့ အကြမ်းဖက်သမားလို့ သံသယရှိတဲ့သူတွေကို စီအိုင်အေအရာရှိတွေ နှိပ်စက်ညှဉ်းပန်းခဲ့တာနဲ့ ပတ်သက်လို့ အစီရင်ခံစာ ထုတ်ပြန်လိုက်တဲ့အကြောင်းတွေကို ကိုသိန်းထိုက်ဦးနဲ့ မစုမြတ်မွန်တို့ ဆွေးနွေးတင်ပြထားပါတယ်။