သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နော်ဝေးသံတမန် ဝေဖန်ချက် ဘန်ကီမွန်း ခုခံကာကွယ်


ကမ္ဘာ့ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ဟာ ကျွမ်းကျင်လိမ္မာမှု မရှိဘူး၊ သြဇာတိက္ကမ မရှိဘူးလို့ နော်ဝေးသံတမန် တဦးက စွပ်စွဲပြောဆိုလိုက်တာနဲ့ ပတ်သက်ပြီး အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက သူ့ရဲ့ ခေါင်းဆောင်မှုပုံစံကို ခုခံပြောဆိုသွားခဲ့ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ နော်ဝေးသံတမန်အဖွဲ့ရဲ့ ဒုတိယအကြီးအကဲ မိုနာ ယူး (Mona Juul) က အော်စလိုမြို့ရှိ နော်ဝေးနိုင်ငံခြားရေး ဝန်ကြီးဌာနကို သီးသန့်ပေးပို့တဲ့ စာချွန်လွှာမှာ မစ္စတာဘန်ကီမွန်းကို ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။ ဒီဝေဖန်မှုဟာ နောက်ပိုင်းမှာ နော်ဝေးသတင်းစာကို ပေါက်ကြားသွားခဲ့ပါတယ်။

မစ္စတာဘန်ကီမွန်းဟာ မြန်မာ့ဒီမိုကရေစီရေး ကိစ္စနဲ့ အာဖရိကတိုက်က ပြဿနာတွေကို တုံ့ပြန်ဖြေရှင်းတဲ့ နေရာမှာ ထိရောက်မှုမရှိဘူးလို့ မိုနာယူးက ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

မစ္စတာဘန်ကီမွန်းဟာ နော်ဝေး၀န်ကြီးချုပ် ယန်းစ် စတိုလ်တန်ဘာ့ဂ် (Jens Stoltenberg) နဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် အော်စလိုမြို့ကို တနင်္လာနေ့က ရောက်ရှိနေခဲ့ပါတယ်။

ဒီလို ဝေဖန်ခံလိုက်ရတဲ့အတွက် သူ့အနေနဲ့ စိတ်မကောင်းဖြစ်မိကြောင်း၊ ဒါပေမယ့် အများပြည်သူအတွက် အလုပ်လုပ်နေတဲ့ သူတယောက် ဖြစ်တာကြောင့် သူ့အနေနဲ့ စောင့်ကြည့်ဝေဖန်မှုတွေကို မျှော်လင့်ထားတယ်လို့ သတင်းထောက်တွေကို နောက်ပိုင်းမှာ ပြောကြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG