သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားနဲ့ နယ်ခြား မြောက်ကိုရီးယား ပြန်ဖွင့်


တောင်ကိုရီးယားနဲ့ ယာဉ်အကူးအသန်း တင်းတင်းကျပ်ကျပ် ကန့်သတ်ထားတာတွေကို မြောက်ကိုရီးယားက ပြန်ဖွင့်လိုက်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံ အတွင်းမှာရှိတဲ့ နှစ်နိုင်ငံ ပူးတွဲစက်မှုဇုန်ကို ပစ္စည်းတွေနဲ့ လူတွေ သယ်ယူပို့ဆောင်ပေးနေတာတွေက ပုံမှန်ပြန်ဖြစ်လာခဲ့ပါပြီ။

ကေဆောင်း (Kaesong) စက်မှုဇုန်ကို သွားဖို့ လက်ရှိ တနေ့ကို ၆ ကြိမ်ဖွင့်ခဲ့ရာက တနေ့ ၂၃ ကြိမ် ဖွင့်ပေးတော့မယ်လို့ တောင်ကိုရီးယားနိုင်ငံ ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

နယ်စပ်ကို တကြိမ်ဖြတ်သွားနိုင်တဲ့ လူဦးရေနဲ့ ယာဉ်စီးရေကိုလည်း ကန့်သတ်ထားတော့မှာ မဟုတ်ဘူးလို့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ကေဆောင်း စက်မှုဇုန်မှာ တောင်ကိုရီးယားစက်ရုံ ၁၁၀ ရှိပြီး မြောက်ကိုရီးယား အလုပ်သမား ၄၀,၀၀၀ အလုပ်လုပ်နေကြပါတယ်။

တောင်ကိုရီးယားနဲ့ ဆက်ဆံရေး တိုးတက်အောင် ကြိုးစားတဲ့အနေနဲ့ မြောက်ကိုရီးယားက မကြာမီက အရိပ်အကဲ အများကြီး ပြသခဲ့ရာမှာ နယ်စပ်ကို ပြန်ဖွင့်တာကလည်း တခုဖြစ်ပါတယ်။

သမားရိုးကျဝါဒီ သမ္မတ လီမြောင်ဘက်ခ် (Lee Myung-bak) သမ္မတဖြစ်လာခဲ့တဲ့ အခါမှာတော့ နှစ်နိုင်ငံကြား ဆက်ဆံရေးက စယိုယွင်းလာခဲ့ပါတယ်။ အကူအညီပေးရေးနဲ့ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက် အစီအစဉ်ကို ချိတ်ဆက်ထားလိုက်တာမျိုးလို မစ္စတာလီရဲ့ တင်းမာတဲ့ မူဝါဒတွေကို မြောက်ကိုရီးယားက ကန့်ကွက်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG