သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူရေနီယံသန့်စင်မှု နောက်ဆုံးအဆင့်ရောက်နေပြီလို့ မြောက်ကိုရီယားကြေညာ


မြောက်ကိုရီးယားက သူတို့ရဲ့ ယူရေနီယံသန့်စင်မှု လုပ်နေတာ နောက်ဆုံးအဆင့်ကို ရောက်နေပြီ၊ အဲဒါပြီးသွားရင် နျူကလီးယားဗုံး လုပ်ဖို့ ဒုတိယနည်းလမ်း ဖြစ်လာလိမ့်မယ်လို့ ဆိုလိုက်ပါတယ်။ ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယား သံအမတ် ဆန်ဆုံနို က မိမိတို့နိုင်ငံရဲ့ ယူရေနီယံ သန့်စင်မှုအစီအစဉ် အပြီးသတ်အဆင့်ကို အောင်မြင်စွာ ရောက်ရှိနေပြီ၊ လက်နက်လုပ်နိုင်တဲ့ ပလူတိုနီယံကိုလည်း ဆက်လုပ်သွားမယ်လို့လည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီကို အကြောင်းကြား လိုက်ပါတယ်။

မြောက်ကိုရီးယားအနေနဲ့ ဒဏ်ခတ်အရေးယူမှုကိုရော၊ ဆွေးနွေးပွဲကိုရော ရင်ဆိုင်ဖို့ ပြင်ဆင်ထားကြောင်း မြောက်ကိုရီးယား ကိုယ်စားလှယ်က လုံခြုံရေးကောင်စီ ဥက္ကဌထံရေးသားတဲ့ စာထဲမှာ ဖော်ပြထားပါတယ်။

အမေရိကန်၊ ရုရှား၊ တရုတ် လို ကုလသမဂ္ဂ လုံခြုံရေးကောင်စီဝင် အမြဲတမ်းနိုင်ငံများက မြောက်ကိုရီးယားအပေါ် ပိုမိုဒဏ်ခတ် အရေးယူရေးကို လိုလားပြီး မြောက်ကိုရီးယားကတော့ နျူကလီးယား အင်အားကောင်းအောင် အရင်လုပ်ပြီးမှသာ ဆွေးနွေးပွဲ ကို ပြန်ဝင်ဖို့ စဉ်းစားမယ်လို့ ပြောဆိုထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG