သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် ရှင်ဂျန်းပြည်နယ် လူမျိုးရေး အဓိကရုဏ်း ထပ်ဖြစ်


တရုတ်နိုင်ငံ အနောက်ပိုင်းက ရှင်ဂျန်း (Xinjiang) ဒေသ လမ်းတွေပေါ်မှာ ဆန္ဒပြသူတွေ စုဝေးနေကြပါတယ်။ ရာနဲ့ချီတဲ့ လူတွေကို ဆေးထိုးအပ်တွေနဲ့ လိုက်ထိုးတဲ့ တိုက်ခိုက်မှုတွေ ဖြစ်အပြီးမှာ ပြည်သူလူထုအနေနဲ့ လုံခြုံမှုမရှိဘဲ နေနေကြရတယ်လို့ ဆန္ဒပြသူတွေက ပြောကြပါတယ်။

တရုတ်နိုင်ငံရဲ့ အကြီးဆုံး တိုင်းရင်းသားအုပ်စုဖြစ်တဲ့ ဟန်တရုတ်လူမျိုးတွေ အများဆုံးပါဝင်တဲ့ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ အူရုမ်ချီ (Urumqi) မြို့ထဲမှာ ချီတက်နေကြပြီး သူတို့ကို လုံခြုံရေး အကာအကွယ်တွေ ပိုပေးဖို့ ရှင်ဂျန်း အာဏာပိုင်တွေကို တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

ရှင်ဂျန်းဒေသ ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌ ဝမ်လီကွမ်ကတော့ ဆန္ဒပြသူတွေကို ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ တိုက်တွန်းထားတယ်လို့ ဆင်ဟွာသတင်းဌာနက ဖော်ပြထားပါတယ်။ ဆန္ဒပြ လူအုပ်ကြီးကတော့ ဥက္ကဋ္ဌ ဝမ်လီကွမ်ကို ပြစ်တင်ရှုတ်ချပြီး ဒေသအာဏာပိုင်တွေ နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ၂ ပတ်အတွင်း လူပေါင်း ၄၇၆ ယောက်ဟာ ဆေးထိုးအပ်သုံး အကြမ်းဖက်သူတွေရဲ့ တိုက်ခိုက်မှုကို ခံခဲ့ကြရတယ်လို့ သတင်းတွေက ဆိုပါတယ်။ အဲဒီ ဆေးထိုးအပ်နဲ့ အထိုးခံခဲ့ရသူတွေထဲမှာ အဆိပ်သင့်တာနဲ့ မူးယစ်ဆေးအာနိသင် ပြတာတွေတော့ မတွေ့ရဘူးလို့ ဆရာဝန်တွေက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မသင်္ကာသူ ၂၁ ယောက် အဖမ်းဆီး ခံထားရတယ်လို့ ဆင်ဟွာသတင်းဌာနက ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG