မြန်မာ့သမိုင်းမှာ နာမည်ကြီး စာရေးဆရာမတွေရှိတဲ့အနက် စာရေးဆရာမကြီး ဒေါ်ခင်နှင်းယုဟာ တဦးအပါအဝင် ဖြစ်ပါတယ်။ သူဟာ မြန်မာစာပေဆုကို နှစ်ထပ်ကွမ်းရရှိခဲ့ပြီးတော့ သူ့ရဲ့ဝတ္ထုတွေဟာဆိုရင် ဒုတိယကမ္ဘာစစ်အပြီး ဘဝရုန်းကန်မှုကို ထင်ဟပ်ပေါ်လွင်စေပါတယ်။ သူ ရေးသားခဲ့တဲ့ ဝတ္ထု ၅၀ နီးပါးမှာ အများအားဖြင့်က အမျိုးသမီးတွေ ဘဝရုန်းကန်မှုတွေအကြောင်းကို နောက်ခံထားရေးသားထားတာတွေကို တွေ့ရပါတယ်။ စာရေးဆရာမကြီး ဒေါ်ခင်နှင်းယုနဲ့ ပတ်သက်လို့ စိတ်ဝင်စားဖွယ် ဘဝအကြောင်းကို ဒေါ်လှလှသန်း က တင်ဆက်ထားပါတယ်ရှင်။