အမေရိကန်အထက်လွှတ်တော်အမတ် ဂျင်မ် ၀က်ဘ် (Jim Webb) မြန်မာနိုင်ငံကို သွားရောက်ပြီးတော့ NLD အဖွဲ့က ရွေးကောက်ပွဲ ၀င်သင့်တယ်၊ စစ်အစိုးရအပေါ် ပိတ်ဆို့ အရေးယူမှုတွေကို ရုပ်သိမ်းသင့်တယ်၊ တရုတ်နိုင်ငံကိုလည်း မြန်မာ့အရေးမှာ တက်တက် ကြွကြွ ပြောလာဖို့ တိုက်တွန်းသင့်တယ် ဆိုပြီး ပြောဆိုလာတဲ့အပေါ် ဘယ်လိုသဘောရသလဲ ဆိုတဲ့ အပိုင်း - ၂ ကို ဆွေးနွေးကြဖို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီက နိုင်ငံခြားရေးရာ တာဝန်ခံ ဦးဇော်မင်း၊ ဗဟုအဖွဲ့က ဦးအောင်သူငြိမ်းတို့နဲ့ သောတရှင်တွေကို ဦးကျော်ဇံသာက တွေ့ဆုံပေးထားပါတယ်။