သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆေးရွက်ကြီး အန္တရာယ်


စက်တင်ဘာ ၂၊ ၂၀၀၉။ ဆေးလိပ်သောက်လို့ ဘယ်လိုအန္တရာယ်တွေ ကျန်းမာရေးဆိုးကျိုးတွေဖြစ်မလဲဆိုတာ သိပ္ပံပညာရှင်တွေ ဆေးသုတေသီတွေဟာ နှစ်ပေါင်းများစွာကတည်းက လေ့လာ မှတ်တမ်းပြုခဲ့ကြပါတယ်။ အငွေ့မထွက်သေးတဲ့ ဆေးလိပ်လို့ခေါ်တဲ့ ဆေးရွက်ကြီးဝါးတာ နဲ့ပတ်သက်ပြီး လေ့လာသုတေသနပြုချက်တရပ် မကြာခင်က ထွက်လာပါတယ်။ ဆေးရွက်ကြီး ဝါးတာ ငုံတာ ကြောင့် အရင်ထက်တာထက် ပိုပြီး အန္တရာယ်များပြီး ကင်ဆာရောဂါဖြစ်နိုင်တဲ့ ကာစင်နိုဂျင် ဓါတ် ပိုများများ ရတတ်တယ်လို့ လေ့လာချက်မှာ တွေ့ရပါတယ်။

ဆေးငုံ ဆေးဝါးတာကြောင့် ဆေးလိပ်သောက်သလို အဆုတ်ကင်ဆာဖြစ်နို်င်ချေတော့နည်းပါတယ်။ ဒါပေမယ့် ဆေးရွက်ကြီးငုံတာကြောင့် လည်ချောင်းကင်ဆာ ပါးစပ်ကင်ဆာ လျှာကင်ဆာ စတဲ့ လည်ပြွန်နဲ့ပတ်သက်တဲ့ကင်ဆာတွေ အဖြစ်များပါတယ်။ ဆေးလိပ်သောက်သူတွေဟာ ဆေးလိပ်အစား ဆေးရွက်ကြီး ငုံတာ ဝါးတာ လုပ်လေ့ရှိပါတယ်။ စီးကရက်သောက်တာထက် ဒီလို ဆေးငုံ ဆေးဝါးတာဟာ ပို အန္တရာယ်ကင်းရှင်းတယ်လို့ အယူမှားနေပါတယ်။

ဒီအချက်မှားတယ်ဆိုတာ လေ့လာသူတွေ တွေ့ရှိခဲ့ပါတယ်။ ဒီအကြောင်း အခု အပတ်ကျန်းမာရေးအစီအစဉ်မှာ တင်ဆက်ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG