သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန် သမ္မတ ရွေးကောက်ပွဲ မဲတချို့ ပြန်ရေတွက်မည်


သြဂုတ်လ ၂၀ ရက်က ကျင်းပခဲ့တဲ့ အာဖဂန်နစ္စတန် သမ္မတရွေးကောက်ပွဲ မဲရေတွက်မှုဟာ အငြင်းပွားဖွယ် မေးခွန်း ထုတ်စရာတွေ ဖြစ်နေတာမို့ ပြန်ပြီးရေတွက်ဖို့ ရွေးကောက်ပွဲ တိုင်ကြားချက်များဆိုင်ရာ ကော်မရှင် (ECC) က အမိန့်ထုတ် ပြန်လိုက်ပါတယ်။

ကုလသမဂ္ဂက ကျောထောက်နောက်ခံ ပေးထားတဲ့ ဒီကော်မရှင်က ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိကြောင်း အထောက်အထား ခိုင်ခိုင်လုံလုံ တွေ့ရတယ်လို့ ပြောကြားလိုက်ပြီး အင်္ဂါနေ့မှာ အခုလို ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

ရာနှုန်းပြည့် မဲပေးခဲ့တယ်လို့ စာရင်းပေးထားတဲ့ မဲရုံတွေရှိတဲ့ နေရာတွေမှာ ၉၅% ကျော်တဲ့ မဲပေးသူတွေက တဦးတည်း ကိုပဲ မဲပေးထားကြတာမို့ ဒီမဲရုံတွေက မဲစာရင်းတွေကို ပြန်ပြီး ရေတွက် စစ်ဆေးဖို့အတွက် ECC ကော်မရှင်က ပြောပါတယ်။

လက်ရှိသမ္မတ ဟာမစ် ကာဇိုင်း (Hamid Karzai) ဟာ နောက်ထပ်ပြန်ပြီး မဲပေး ယှဉ်ပြိုင်မှုတွေ မလုပ်ရစေဖို့အတွက် ၅၀% မဲအသာရဖို့ လိုပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်ကတော့ မဲအားလုံးနီးပါး ရေတွက်ပြီးချိန်မှာ မစ္စတာကာဇိုင်းဟာ ၅၄% မဲရရှိပြီး ပြိုင်ဘက်ဖြစ်တဲ့ နိုင်ငံခြားရေး ဝန်ကြီးဟောင်း အဗ္ဗဒူလာ အဗ္ဗဒူလာ (Abdullah Abdullah) ကတော့ ၂၈% ရရှိ နေတယ်လို့ ပြောကြားလိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG