သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုးကန့်ဒေသ စစ်အစိုးရ တိုက်ရိုက် ချုပ်ကိုင်


မြန်မာနိုင်ငံရဲ့ အရှေ့မြောက်နယ်စပ်က ကိုးကန့်ဒေသဟာ ၂၀၁၀ခုနှစ် ရွေးကောက်ပွဲ ပြီးရင်တော့ ဖွဲ့စည်းပုံအတိုင်းဆိုရင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတဲ့ ဒေသဖြစ်လာပါလိမ့်မယ်လို့ မြန်မာ ဒုတိယပြည်ထဲရေး ဝန်ကြီး ဗိုလ်မှူးချုပ် ဖုန်းဆွေက ပြောလိုက် ပါတယ်။ မနေ့က ရန်ကုန် အခြေစိုက် နိုင်ငံခြား သတင်းထောက်တွေနဲ့ သံတမန်တွေကို ကိုးကန့်ဒေသ လောက်ကိုင်မြို့ကို ခေါ်ယူပြီး မြန်မာအစိုးရ အာဏာပိုင်တွေက သတင်းစာ ရှင်းလင်းပွဲတရပ် ပြုလုပ်ရာမှာ သူက ပြောသွားတာဖြစ်ပါတယ်။ ကိုးကန့်ဒေသခေါင်းဆောင် ဖုန်ကျားရှင်ရဲ့ တပ်တွေနဲ့ မြန်မာအစိုးရတပ်တွေ တိုက်ပွဲဖြစ်ပြီးနောက် သြဂုတ်လ ၂၉ရက်နေ့ ညနေပိုင်းမှာ ကိုးကန့်ဒေသ တခုလုံးကို မြန်မာ လုံခြုံရေးတပ်တွေက လုံး၀ ထိန်းချုပ်ထားနိုင်ခဲ့တယ်လို့ ဖုန်းဆွေက ရှင်းလင်း ပြောဆိုခဲ့ပါတယ်။

စက်တင်ဘာလ ၁ရက်နေ့မှာတော့ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်ဦးဆောင်ပြီး ကိုးကန့်ဒေသ ဖွင့်ဖြိုးရေးဦးစီးကော်မတီ တရပ်ကို ဖွဲ့စည်းခဲ့တယ်လို့ဆိုပါတယ်။ ဒီအလုပ်အဖွဲ့ကို ပြည်ထဲရေး ဒုတိယ ဝန်ကြီးက ဦးဆောင်သွားမယ်လို့ ဖော်ပြပါတယ်။ ဒီအဖွဲ့ဟာ အထွေထွေ ရွေးကောက်ပွဲအပြီး ကိုးကန့်ဒေသ အုပ်ချုပ်ရေးနဲ့ တရားရေးဌာနတွေ မပေါ်ထွက်လာခင်အထိ ကိုးကန့်ဒေသကို တာဝန်ယူ အုပ်ချုပ် သွားမယ့်သဘောဖြစ်တယ်လို့ စင်ဟွာသတင်းမှာ ရေးသားထားပါတယ်။

ကိုးကန့် ခေါင်းဆောင် ဖုန်ကျားရှင်ထံက စစ်အစိုးရနဲ့ ပူးပေါင်းလိုက်တဲ့ ပိုင်စောက်ချိန် အုပ်စုကတော့ သူ့အနေနဲ့ လာမယ့် ၂၀၁၀ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပြီးတော့ ကိုးကန့်တပ်တွေကိုလည်း မြန်မာစစ်အစိုးရ တောင်းဆိုထား တဲ့အတိုင်း နယ်စပ်လုံခြုံရေး တပ်အဖြစ် အသွင်ပြောင်းဖို့ လက်ခံထားတယ်လို့ ပိုင်စောက်ချိန် ကိုယ်တိုင်က သတင်းထောက် တွေကို ပြောဆို ခဲ့တဲ့အကြောင်း ဒီဘီအေ သတင်းမှာ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG