သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပြုပြင်ပြောင်းလဲဖို့ သမ္မတအိုဘားမား လွှတ်တော်မှာ တိုက်တွန်း


အမေရိကန်သမ္မတ အိုဘားမားက အမေရိကန် အောက်နဲ့ အထက်လွှတ်တော် နှစ်ရပ်စလုံးမှာ မိန့်ခွန်းပြောကြားတာမှာ နိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကို အလုံးစုံနီးပါး ပြုပြင်ပြောင်းလဲရေး သူတင်ပြမယ့် အစီအစဉ်ကို ကွန်ဂရက်လွှတ်တော်က အတည်ပြုပေးဖို့ သူ့အနေနဲ့လုပ်ဆောင်ဖို့ သံန္နိဋ္ဌာန် ချထားတယ်လို့ ပြောဆိုသွားပါတယ်။

ဒီပြုပြင်ပြောင်းလဲမှု အစီအစဉ်က အရည်အသွေးပြည့်မီတဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို အမေရိကန်နိုင်ငံသားတွေ ရရှိမှာဖြစ်ပြီးတော့ ဒီအတွက် ကုန်ကျစရိတ်ကို အမေရိကန်တွေ တတ်နိုင်အောင်လည်း သူရဲ့ အစီအစဉ်မှာ စီမံထားတယ်လို့ သမ္မတ အိုဘားမားက ဆိုပါတယ်။ ဒီ ပြုပြင်ပြောင်းလဲရေး အစီအစဉ်မှာ ခါတိုင်းလို ကျန်းမာရေး အာမခံကုမ္ပဏီတွေကသာ ဝန်ဆောင်မှုကို အကုန်အကျခံတာမဟုတ်ဘဲ အစိုးရက တာဝန်ယူဆောင်ရွက်မယ့် အစီအစဉ်ကိုလည်း ရွေးချယ်မှုတခု အနေနဲ့ ထည့်သွင်းထားတယ်လို့ သမ္မတက ပြောပါတယ်။

ကျန်းမာရေး ဝန်ဆောင်မှုအတွက် အာမခံထားရှိတဲ့ ပြဿနာဟာ အာမခံ မထားနိုင်သူတွေရဲ့ ပြဿနာသာမက အာမခံ ထားရှိသူတွေမှာလည်း ဖြစ်ပေါ်နေတဲ့ ပြဿနာ ဖြစ်တယ်လို့ သမ္မတ အိုဘားမား က ပြောကြားသွားပါတယ်။

သူ့ရဲ့ အစိုးရဟာ နိုင်ငံရဲ့စီးပွားရေးကို ဆယ်တင်နိုင်ခဲ့ပြီး အရေးအခင်းတွေကို ဖြေရှင်းနိုင်ခဲ့ရုံမက အနာဂတ်ပြဿနာတွေ အတွက်ကိုပါ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ပြောဆိုသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG