သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ် မြန်မာ့အရေး ကြားနာပွဲ စီစဉ်


အရှေ့တောင်အာရှ ခရီးစဉ်အတွင်း မြန်မာပြည်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ရော ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံခဲ့သူ ဗာဂျီးနီးယားပြည်နယ် ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် ဂျင်မ် ဝက်ဘ် (Jim Webb) က မြန်မာပြည်အပေါ် ထားရှိတဲ့ အမေရိကန် ဝါဒ သဘောထား ဘယ်လောက် ထိရောက်မှု ရှိသလဲဆိုတာ ကြားနာမှု ပြုလုပ်လိုကြောင်း ကြာသပတေးနေ့က ဝါရှင်တန်မှာ ကြေညာပါတယ်။

မြန်မာပြည်ရဲ့ လက်ရှိ စီးပွားရေးနဲ့ နိုင်ငံရေး အခြေအနေများ၊ ပြည်တွင်း ပျက်ယွင်းမှုနဲ့ တိုင်းရင်းသား ပဋိပက္ခ သမိုင်းရှည်ကြီးကို သုံးသပ်သွားမယ်လို့ အထက်လွှတ်တော် နိုင်ငံခြားရေးရာ အရှေ့တောင်အာရှနဲ့ ပစိဖိတ်ရေးရာ ဆပ်ကော်မတီ ဥက္ကဋ္ဌ မစ္စတာဝက်ဘ်က ပြောပါတယ်။

ဝါရှင်တန်ပို့စ် သတင်းစာထဲမှာတော့ ဝါရင့် သတင်းစာဆရာကြီး ဦးဝင်းတင်က ဂျင်မ် ဝက်ဘ်ရဲ့ မြန်မာပြည် ခရီးစဉ်အတွင်း လုပ်ဆောင်ချက်များဟာ ဒီမိုကရေစီရေးကို ပျက်ပြားစေတယ်လို့ ပြောဆို ဝေဖန်လိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG