သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန် ရွေးကောက်ပွဲ ကော်မရှင်က မသင်္ကာတဲ့မဲတွေ ပယ်ဖျက်


အာဖဂန်နစ္စတန် သမ္မတ ရွေးကောက်ပွဲမှာ မဲမသမာမှုများ ရှိကြောင်း သတင်းများကို စုံစမ်းခဲ့တဲ့ ကော်မရှင်က မဲရုံ ၈၃ ရုံက မဲများ ပယ်လိုက်ပါပြီ။

ကုလသမဂ္ဂ ကျောထောက်နောက်ခံ ပြုထားတဲ့ ရွေးကောက်ပွဲ တိုင်တန်းမှုများဆိုင်ရာ ကော်မရှင်က ကန်ဒဟာပြည်နယ် (Kandahar) က မဲရုံ ၅၁ ရုံ၊ ဂပ်ဇ်နီ (Ghazni) က မဲရုံ ၂၇ ရုံနဲ့ ပတ်တီကာပြည်နယ် (Paktika) က မဲရုံ ၅ ရုံက မဲများ ပယ်ဖျက်ဖို့ ကြာသပတေးနေ့မှာ အမိန့်ပေးလိုက်တာ ဖြစ်ပါတယ်။

အဲဒီမဲရုံများက လက်ရှိသမ္မတ ဟာမစ် ကာဇိုင်း (Hamid Karzai) ကို အကြီးအကျယ် ထောက်ခံခဲ့တယ်လို့ သတင်းများမှာ ပါရှိပါတယ်။

မဲပေါင်း ဘယ်လောက်ကို ပယ်လိုက်တယ် ဆိုတာကိုတော့ ကော်မရှင်က မကြေညာပါဘူး။ မဲမသမာမှုတွေ ရှိတယ်ဆိုတာ ထင်ရှားတယ်၊ တချို့မဲတွေဆိုရင် ခေါက်တောင် မခေါက်ရသေးဘူး၊ မှတ်သားပုံတွေကလည်း ထပ်တူထပ်မျှ ဖြစ်နေတယ်၊ မဲဆန္ဒရှင်စာရင်းနဲ့ မဲပြားက နံပါတ်စာရင်းတို့မှာ မသင်္ကာစရာတွေ တွေ့နေရတယ် စသဖြင့် ကော်မရှင်က ရှင်းလင်း ထုတ်ပြန်ပါတယ်။ တချို့မဲရုံတွေက မဲတွေ ပြန်ရေဖို့လည်း ကော်မရှင်က အမိန့်ပေးထားပါတယ်။

သြဂုတ်လ ၂၀ ရက်နေ့ ရွေးကောက်ပွဲမှာ ရေတွက်ပြီးသလောက် ၅၄% ရတယ်ဆိုတဲ့ သမ္မတ ဟာမစ် ကာဇိုင်းက ကြိုဆိုခဲ့ပြီး ပြိုင်ဘက် နိုင်ငံခြားရေး ဝန်ကြီးဟောင်း အဗ္ဗဒူလာ အဗ္ဗဒူလာ (Abdullah Abdullah) ကတော့ ငြင်းချက် ထုတ်ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG