ကမ္ဘာတဝှမ်း ကိုယ်စားလှယ်တွေဟာ ရောမမြို့မှာ ၂ ရက်ကြာ ကျင်းပခဲ့တဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး နိုင်ငံတကာ ညီလာခံကို တက်ရောက်ခဲ့ကြပါတယ်။ စက်မှုအင်အားကြီး ၈ နိုင်ငံအုပ်စုရဲ့ ဒီနှစ်အလှည့်ကျ ဥက္ကဌအဖြစ် ဆောင်ရွက်တဲ့ အီတလီနိုင်ငံက ဒီညီလာခံကို တာဝန်ယူကျင်းပတာ ဖြစ်ပါတယ်။ ဒီအကြောင်း ရောမမြို့တော်ကနေ ဗွီအိုအေ သတင်းထောက် Sabrina Castelfranco ပေးပို့ထားတဲ့ ဆောင်းပါးကို အခြေခံပြီး ဒီသီတင်းပတ်ရဲ့ အမျိုးသမီးများကဏ္ဍမှာ ဒေါ်လှလှသန်း က တင်ပြထားပါတယ်။