သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စက်တင်ဘာ ၁၁ အကြမ်းဖက် တိုက်ခိုက်မှု ၈ နှစ် ပြည့်ပြီ


၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့က အမေရိကန်နိုင်ငံ အကြမ်းဖက် တိုက်ခိုက်တာကိုခံခဲ့ရတာ ဒီကနေ့ဆိုရင် ၈နှစ်တိတိ ရှိသွားခဲ့ပါပြီ။ အမေရိကန်ပြည်ထောင်စု တဝှမ်းမှာတော့ အောက်မေ့ဘွယ် နှစ်ပတ်လည် အခမ်းအနားတွေကို ကျင်းပနေပါတယ်။ တိုက်ခိုက်မှုကြောင့် ကွယ်လွန်သွားခဲ့ရသူတွေရဲ့ နံမည်တွေကို စိတ်ထဲက တိတ်တဆိတ်ရေရွတ်ရင်း ဝမ်းနည်းဖွယ် အထိမ်းအမှတ်နေ့ကို ကျင်းပနေတာပါ။

နယူးယောက်မြို့က တိုက်ခိုက်ခံခဲ့ရတဲ့ ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အဦရဲ့နေရာမှာလည်း ခေါင်းလောင်းထိုးတာတွေ၊ တပိုးခရာမှုတ်တာတွေ လုပ်ပြီးကျင်းပခဲ့ပါတယ်။ သမ္မတ အိုဘားမားကတော့ အမှတ်တရ အခမ်းအနားကို အိမ်ဖြူတော်မှာ ပြုလုပ်မှာဖြစ်ပြီး ဒုသမ္မတ ဂျိုးဘိုင်ဒင် ကတော့ နယူးယောက်မြို့က အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။

အယ်လ်ခိုင်းဓါးအဖွဲ့ကနေ လေယာဉ် လေးစီးကို အပိုင်စီးခဲ့ပြီး တိုက်ခိုက်ခဲ့တဲ့ ၂၀၀၁ ခုနှစ် အကြမ်းဖက်မှုမှာ လူပေါင်း ၃,၀၀၀ လောက် သေဆုံးခဲ့ရတာပါ။ တိုက်ခိုက်မှုခံခဲ့ရတဲ့အထဲကတခုဖြစ်တဲ့ မြို့တော် ဝါရှင်တန်ဒီစီနားက ပင်တဂွန် စစ်ဌာနချုပ်မှာကျင်းပမယ့် အမှတ်တရ အခမ်းအနားကိုတော့ သမ္မတအိုဘားမား တက်ရောက်ဖို့ စီစဉ်ထားပါတယ်။

XS
SM
MD
LG