သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးဝင်းတင် ခေါ်ယူသတိပေးခံရ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် သတင်းစာဆရာကြီး ဦးဝင်းတင်ကို ဒီကနေ့မ နက်ပိုင်း ၁၀ နာရီလောက်မှာ သူ့ရဲ့နေအိမ်ကို အာဏာပိုင်တွေရောက်လာပြီး သူ့ကိုခေါ်သွားခဲ့ကြပြီး ညနေ ၄နာရီမှာ အိမ်ကို ပြန်ပို့ပေးခဲ့ပါတယ်။ ပြည်သူ့ရဲ သတင်းတပ်ဖွဲ့ဝင်တွေက မေးစရာ အနည်းအကျဉ်း ရှိတယ်ဆိုပြီး ဦးဝင်းတင်ကို ခေါ်သွားခဲ့တာပါ။ ဦးဝင်းတင်ဟာ ထောင်ထဲမှာ နှစ်ရှည် အကျဉ်းသားဖြစ်ခဲ့ပြီး အသက်အရွယ်ကြီးတဲ့ ပုဂ္ဂိုလ်ဖြစ်သလို ကျန်းမာရေးလည်းသိပ် မကောင်းလှပါဘူး။ မကြာခင်ကပဲ နှလုံးအားနည်းလို့ နှလုံးခုန်စက် တတ်ဆင်ထားရတာပါ။ ဦးဝင်းတင် ဟာမြန်မာစစ်အစိုးရက နောက်နှစ်မှာ ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲကို လက်မခံပဲ ကန့်ကွက်နေတဲ့သူလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG