သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲအတွင်း တာလီဘန် ၅၀ သေဆုံး အာဖဂန် ကြေညာ


အာဖဂန်နစ္စတန်မှာ ထောက်ပို့ ပစ္စည်းတွေတင်ဆောင်လာတဲ့ ယာဉ်တန်းကို တာလီဘန်တို့ ပုန်းအောင်း တိုက်ခိုက်ခဲ့တဲ့နောက် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းမှာ အာဖဂန်နဲ့ နိုင်ငံတကာ တပ်တွေက တာလီဘန် ၅၀လောက်ကို သုတ်သင်နိုင်ခဲ့တယ်လို့ အာဖဂန် စစ်တပ်တာဝန်ရှိသူတွေက ပြောပါတယ်။

နိုင်ငံအနောက်ပိုင်း တာလီဘန်တို့ အားကောင်းတဲ့ ဖာရာ ပြည်နယ်မှာ နာရီပေါင်းကြာအောင် တိုက်ပွဲတွေ ဖြစ်ခဲ့တာလို့ စစ်တပ် ပြောခွင့်ရသူ အက်ဒဲလ်ဘာစီရာ ကူရီ က ပြောပါတယ်။ WFP ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီအစဉ်ရဲ့ ယာဉ်တန်းပေါ် တာလီဘန်တွေက စနေနေ့မှာ မော်တာ စိန်ပြောင်းတွေ၊ ဖောက်ခွဲ ပစ္စည်းတွေနဲ့ တိုက်ခိုက်ခဲ့တာပါ။ အမေရိကန်တို့ဘက်ကလည်း စစ်ကူအမြန်ပေးနိုင်ပြီး ပြန်လည် တိုက်ခိုက်နိုင်ခဲ့တယ်လို့ အမေရိကန် စစ်တပ်အရာရှိ တယောက်က ဗွီအိုအေကို ပြောပါတယ်။ တိုက်ပွဲအတွင်းမှာ အမေရိကန် ၂ယောက်နဲ့ အာဖဂန် စစ်သား ၇ယောက် သေဆုံးသွားခဲ့တယ်လို့ နေတိုးတပ်ဖွဲ့ကလည်း အတည်ပြုပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG