သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဇင်ဘာဘွေအပေါ် အီးယူ ဒဏ်ခတ်မှု ရုပ်သိမ်းဦးမည်မဟုတ်


ဇင်ဘာဘွေနိုင်ငံမှာ လူ့အခွင့်အရေး မရှိသရွေ့ သမ္မတ ရောဘတ် မူကာဘီနဲ့ သူ့မဟာမိတ်တွေကို ပြစ်မှတ်ထားပြီး လုပ်ဆောင်တဲ့ အရေးယူ ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးမှာ မဟုတ်ဘူးလို့ ဇင်ဘာဘွေ နိုင်ငံကို ရောက်နေတဲ့ ဥရောပ သမဂ္ဂ အရာရှိတွေက ပြောပါတယ်။ ဥရောပ သမဂ္ဂ ကိုယ်စားလှယ် အဖွဲ့ဟာ ဇင်ဘာဘွေရဲ့ သက်တမ်းရှည် သမ္မတ ရောဘတ် မူကာဘီ၊ အတိုက်အခံ ခေါင်းဆောင်ဟောင်း ဝန်ကြီးချုပ် မော်ဂန် ချန်ကရိုင်းတို့နဲ့ စနေနေ့က တွေ့ဆုံခဲ့ပြီးတဲ့နောက် နောက်တရက် တနင်္ဂနွေနေ့မှာပဲ အီးယူ အရာရှိတွေက အခုလို သူတို့ရဲ့ ဆုံးဖြတ်ချက် ကြေညာသွားတာပါ။

လွန်ခဲ့တဲ့ ၇နှစ် ၂၀၀၂ ခုနှစ်မှာ အငြင်းပွားစရာ ရွေးကောက်ပွဲတခု ကျင်းပခဲ့ပြီးနောက် အီးယူ ဥရောပ သမဂ္ဂက ဇင်ဘာဘွေကို ပိတ်ဆို့ အရေးယူထားတာ ဖြစ်ပြီး နောက်ပိုင်းမှာ အခုတခေါက် အီးယူ အရာရှိတွေ လာရောက်ပြီးတော့ သမ္မတနဲ့ ဆွေးနွေးမှုက ပထမဆုံးအကြိမ် အဆင့်မြင့် ဆွေးနွေးမှု ဖြစ်ပါတယ်။ သူတို့အနေနဲ့ ဇင်ဘာဘွေရဲ့ အခြေအနေ ဆိုးရွားနေတဲ့ စီးပွားရေးကို ပြန်တည်ဆောက်ဖို့ ကူညီချင်ပါတယ်။ ဒါပေမဲ့ နိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်ရမယ်၊ ပြီးတော့ သမ္မတ မူကာဘီရဲ့ ZANU-PF ပါတီနဲ့ ဝန်ကြီးချုပ်ရဲ့ ဒီမိုကရေစီ ပြောင်းလဲ ဖော်ဆောင်ရေး MDC ပါတီတို့ ကြား အာဏာခွဲရေးစနစ်ကို အပြည့်အ၀ ကျင့်သုံးရမယ်လို့ အီးယူ အရာရှိတွေက ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG