သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်အထူးသံတမန် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးခရီးနှင်


အစ္စရေးလ် နဲ့ ပါလက်စတိုင်း ခေါင်းဆောင်တွေကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြန်စနိုင်ဖို့ အဟန့်အတား ဖြစ်နေတဲ့ ကိစ္စတွေကို ဖြေရှင်းနိုင်ဖို့ ကြိုးစား ဆောင်ရွက်နေတဲ့အကြောင်း အမေရိကန် ပြည်ထောင်စုရဲ့ အရှေ့အလယ်ပိုင်းဆိုင်ရာ အထူး ကိုယ်စားလှယ် George Mitchell က ပြောဆိုလိုက်ပါတယ်။ အစ္စရေးလ် သမ္မတ ရှီမွန် ပီရက်စ် နဲ့ မနေ့တုန်းက ဂျေရုဆလင်မှာ တွေ့ဆုံအပြီး သူက အဲဒီလို ပြောဆိုလိုက်တာပါ။ အင်္ဂါနေ့ကျရင်တော့ သူဟာ အစ္စရေးလ် ဝန်ကြီးချုပ် ဘင်ဂျမင် နာတင်ရာဟု၊ ပါလက်စတိုင်း သမ္မတ မာမွတ် အဘတ်စ် တို့နဲ့လည်း တွေ့ဆုံဦးမှာပါ။ သူ့ရဲ့ ခရီးစဉ်အတွင်း အစ္စရေးလ်နိုင်ငံက သိမ်းပိုက်ထားတဲ့ နယ်မြေအတွင်း အရပ်သားတွေ အိုးအိမ်ဆောက်လုပ်မှု ကိစ္စတွေကို အာရုံစိုက် ဆွေးနွေးသွားလိမ့်မယ်လို့လည်း မျှော်လင့်ထားကြပါတယ်။ ပါလက်စတိုင်းတို့ဘက်ကတော့ အခြေချနေထိုင်ဖို့အတွက် အိုးအိမ်ဆောက်လုပ်နေတဲ့ လုပ်ငန်းတွေကို ရပ်တန့်ဖို့ တောင်းဆိုထားတာကို အလျှော့ပေးမှာ မဟုတ်ဘူးလို့ ပြောဆို ထားတာပါ။ အမေရိကန် ပြည်ထောင်စုကလည်း အစ္စရေးလ် က သိမ်းပိုက်ထားတဲ့ အနောက်ဖက် ကမ်းခြေဒေသနဲ့ ဂျေရုဆလင် အရှေ့ပိုင်းမှာ အခြေချနေထိုင်ဖို့ အိုးအိမ်ဆောက်လုပ်နေတာတွေကို ရပ်တန့်ဖို့ တောင်းဆိုထားတာပါ။ အစ္စရေးလ်ဘက်ကတော့ ကြီးထွားလာနေတဲ့ လူဦးရေအတွက် နေရာထိုင်ခင်း ပေးရမှာဖြစ်လို့ ဆောက်လုပ်ရေး လုပ်ငန်း တွေ လုပ်ဖို့ လိုတယ်ဆိုပြီး ပြောဆိုနေတာပါ။ ပါလက်စတိုင်းတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြန်လည် လုပ်ဆောင်နိုင်ဖို့ အတွက် အစ္စရေးလ် ဝန်ကြီးချုပ် ဘင်ဂျမင် နာတင်ရာဟု က အီဂျစ်သမ္မတ ဟော့စ်နီ မူဘာရက်ခ် နဲ့ ကိုင်ရိုမြို့မှာ မနေ့တုန်း ကပဲ တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြန်စနိုင်ဖို့ အခြေချနေထိုင်မှုတွေ ရပ်တန့်ဖို့ကို သမ္မတ မူဘာရက်ခ် က တိုက်တွန်းခဲ့ကြောင်းလည်း အီဂျစ်သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။


ဆက်စပ်သတင်းများ ...

XS
SM
MD
LG