သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးသုဝေရဲ့ ဒီမိုကရက်တစ် ပါတီသစ် ၂၀၁၀ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်


မြန်မာပြည်မှာ ရှေ့နှစ် ရွေးကောက်ပွဲ ကျင်းပတဲ့အခါ ဝင်ပြိုင်ဖို့ ပြင်ဆင်နေတဲ့ နိုင်ငံရေး ပါတီသစ်တခု ဖွဲ့စည်းတဲ့အခါ လွတ်လပ်ရေးရပြီး လူထုက ရွေးကောက်တင်မြှောက် ခံခဲ့ရတဲ့ ဝန်ကြီးချုပ်ဟောင်း ဦးနုနဲ့ ဝန်ကြီးချုပ်ဟောင်း ဦးဗဆွေတို့ရဲ့ သမီးများ ပါဝင်ကြမယ်လို့ ဆိုပါတယ်။

ဒီမိုကရေစီရေး လှုပ်ရှားတက်ကြွသူ ၂၀၀၄ ခုနှစ်မှာ လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးသုဝေက ဥက္ကဋ္ဌ၊ ဦးရဲထွန်း ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မယ့် ဒီမိုကရေစီပါတီမှာ ဦးနုရဲ့သမီး ဒေါ်သန်းသန်းနု၊ ဦးဗဆွေရဲ့သမီး ဒေါ်နေရီဗဆွေ၊ ဦးကျော်ငြိမ်းရဲ့သမီး ဒေါ်ချိုချိုကျော်ငြိမ်းတို့ ပါဝင်ကြမယ်လို့ ရန်ကုန်ကလာတဲ့ သတင်းများမှာ ပါရှိပါတယ်။

စစ်အစိုးရက ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ဥပဒေများ ကြေညာပြီးမှသာ နိုင်ငံရေးပါတီများ ဖွဲ့စည်း မှတ်ပုံတင်နိုင်ကြမှာ ဖြစ်ပါတယ်။ စစ်အစိုးရက ဘယ်တော့ကြေညာမယ် ဆိုတာကိုတော့ မသိရသေးပါဘူး။

ဒီမိုကရေစီနည်းအရ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ ဝန်ကြီးချုပ် ဦးနု ဦးဆောင်တဲ့ အစိုးရကို ၁၉၆၂ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်း ဖြုတ်ချပြီးတဲ့နောက် မြန်မာနိုင်ငံကို အုပ်စိုးလာခဲ့တာ ဖြစ်ပါတယ်။

စစ်အစိုးရက ရှေ့နှစ်ကျင်းပမယ့် ရွေးကောက်ပွဲဟာ စစ်တပ်အာဏာမြဲရေးအတွက် လုပ်ဆောင်ခြင်းသာ ဖြစ်တယ်လို့ ဆန်းစစ်သူတချို့က ဝေဖန်ကြပါတယ်။

၁၉၉၀ ခုနှစ်မှာ စစ်အစိုးရက ကြီးမှူးပြီး ရွေးကောက်ပွဲ ကျင်းပတာ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ် အနိုင်ရရှိလိုက်တာကို အာဏာလွှဲပြောင်းပေးခြင်း မရှိဘဲ စစ်တပ်က ဆက်လက် အုပ်ချုပ်နေခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG