သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်မှာ အမေရိကန်တပ် တိုးချဖို့ လိုအပ်


အာဖဂန်နစ္စတန်နိုင်ငံက သူပုန်တွေကို တိုက်ခိုက်တဲ့ စစ်ပွဲ အနိုင်ရစေဖို့အတွက် အမေရိကန်နိုင်ငံအနေနဲ့ တပ်တွေကို ပိုပြီးချဖို့ လိုအပ်ကောင်း လိုအပ်နိုင်တယ်လို့ အမေရိကန် ဒု-စစ်ဦးစီးချုပ်များ ပူးတွဲအဖွဲ့ ဥက္ကဋ္ဌ ရေတပ်ဗိုလ်ချုပ်ကြီး မိုက်ခ် မူလန် (Michael Mullen) က ပြောကြားလိုက်ပါတယ်။

သူပုန်တွေကို နိုင်နိုင်နင်းနင်း နှိမ်နင်းဖို့အတွက်ဆိုရင် တပ်အင်အား ပိုပြီးလိုအပ်မယ်လို့ သဘောရကြောင်း၊ အခုအချိန်မှာ အာဖဂန်နစ္စတန်နိုင်ငံဟာ အကြမ်းဖက်သမားတွေရဲ့ ဗဟိုအချက်အချာနေရာ ဖြစ်နေကြောင်း ဗိုလ်ချုပ်ကြီးမူလန်က အင်္ဂါနေ့ မှာ ပြောကြားသွားတာ ဖြစ်ပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံအတွက် အမေရိကန်နိုင်ငံရဲ့ တိုက်ခိုက်နေမှုတွေဟာ ၅ နှစ်နီးပါး တပ်အင်အား မလုံမလောက်ရှိနေတာ တွေ့ရပြီး အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) အနေနဲ့ သူ့ရဲ့ အာဖဂန်နစ္စတန်အတွက် မဟာဗျူဟာ အသစ်ကို ချမှတ်ရာမှာ တပ်အင်အား တိုးပြီးချဖို့ လိုအပ်နေတယ်ဆိုတာ သိပ်ကို ထင်ရှားတယ်လို့ ဆိုပါတယ်။

CNN က နောက်ဆုံးကောက်ယူတဲ့ မဲဆန္ဒတွေအရ ဆိုရင်တော့ အမေရိကန် နိုင်ငံသားတွေထဲမှာ စစ်ကိုဆန့်ကျင်သူ ၅၈% ရှိပြီး ၃၉% က ထောက်ခံကြောင်း တွေ့ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG