သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဝန်ကြီးချုပ် ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ဖွယ်ရှိ


နယူးယောက်မြို့က ကုလသမဂ္ဂရုံးချုပ်မှာ ကျင်းပနေတဲ့ ၆၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက် ဖို့အတွက် မြန်မာနိုင်ငံ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်ဟာ ဒီလကုန်လောက်မှာ လာရောက်မယ်လို့ မြန်မာအရာရှိတွေက ပြောကြားပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံကို လွန်ခဲ့တဲ့ ၁၄ နှစ်က ဗိုလ်ချုပ်ကြီးမောင်အေး တက်ရောက်ပြီးကတည်းက ဒါဟာ ပထမဆုံး မြန်မာနိုင်ငံက အဆင့်အမြင့်ဆုံး ပုဂ္ဂိုလ်တဦး ညီလာခံကို တက်ရောက်လာမှာ ဖြစ်တယ်လို့ ဂျာမန်သတင်းဌာန DPA နဲ့ အိန္ဒိယအခြေစိုက် မဇ္ဇျိမသတင်းတွေမှာ ဖော်ပြပါတယ်။

ကုလသမဂ္ဂက ထုတ်ပြန်ထားတဲ့ လက်ရှိအစီအစဉ်အရ ဆိုရင် မြန်မာနိုင်ငံကနေ ကုလသမဂ္ဂ အထွေထွေညီလာခံကို မြန်မာ နိုင်ငံခြားရေးဝန်ကြီး တက်ရောက်ပြောကြားဖို့ ရှိတယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG