သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးကျိတ်ကင်ဆာ အပိုင်း(၂) ရောဂါကြိုတင်ကာကွယ်ရေး


စက်တင်ဘာ ၁၆၊ ၂၀၀၉။ အမျိုးသားတွေ သက်ကြီးပိုင်းမှာ အဖြစ်များတဲ့ ဆီးကျိတ်ကင်ဆာဟာ အခြားကင်ဆာတွေလို အလျင်အမြန်ရောဂါဆိုးဝါးလာတာမျိုး မဟုတ်တဲ့အပြင် ပျောက်ကင်းအောင် ကုသလို့လည်း ရပါတယ်။ ကုထုံးတွေလည်း အမျိုးမျိုးရှိသလို ဒီကုထုံးတွေကို ဆီးကျိတ်လူနာ အသေအချာ သဘောပေါက်နားလည်ပြီး ဘယ်လို ကုထုံးယူမလဲဆိုတာ ကိုယ်တိုင်ဆုံးဖြတ်သင့်တယ်လို့ ဆရာဝန်တွေက အကြံပြုပါတယ်။ ရောဂါ အခြေအနေအပေါ် မူတည်ပြီး ခွဲစိတ်တာ ဓါတ်ကင်တာမျိုးမလုပ်ပဲ ဆေးစားပြီးတော့လည်း အချိန်အတော်ကြာတဲ့အထိ အသက်ရှင်ရှင် နေထိုင်သွားနိုင်ပါတယ်တဲ့။

အခုအပတ်မှာတော့ ဆီးကျိတ်ကင်ဆာဟာ ဘာကြောင့် အဖြစ်များသလဲ၊ ဆီးကျိတ်ကင်ဆာ မဖြစ်အောင် ဘယ်လို ကြိုတင်ကာကွယ်သင့်သလဲဆိုတဲ့ သုတေသနပြုချက်တွေအကြောင်း မေးမြန်းတင်ပြထားပါတယ်။ မိုင်ယာမီ တက္ကသိုလ်က လက်ထောက်ပါမောက္ခ ဒေါက်တာဝင်မြင့်အောင်နဲ့ ဆက်သွယ်မေးမြန်းထားတာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG